ကိုရဲ့ကလေး

7.4K 192 0
                                    

"ကို ထတော့လေ ကလေးရေချိုးပြီးမနက်စာသွားပြင်ကတည်းကနိုးသွားတာအခုမနက်စာတောင်ပြင်ခဲ့ပြီ ကို ကမထသေးဘူး အိပ်ပုပ် ထတော့ဆို"

ပြောပြီး"ကို့"နှဖူးလေးကိုငုံနမ်းလိုက်တော့

"ကို က နိုးနေပြီ ကလေးလာမနမ်းသေးလို့အိပ်ရာပေါ်ကမထသေးတာ"

ကျွန်တော်လည်းပြောရင်းအိပ်နေရာကထိုင်ပြီးကလေးပါး
လေးကိုနမ်းလိုက်တယ် .

"အာ့ဆိုရေချိုးတော့ ရေချိုးပြီးဝတ်ဖို့အင်္ကျီထုတ်ပေးထားခဲ့မယ် မနက်စာစားဖို့စောင့်နေမယ်နော် မြန်မြန်ချိုးပြီးအင်္ကျီဝတ်ခဲ့ necktieအပြင်ရောက်မှစီးပေးမယ်နော်"

ပြောပြီးအခန်းပြင်ထွက်မယ်အလုပ်

"ခဏလေးပါ ကလေးရာ morning exerciseလေး 😁😁"

လို့ကျွန်တော်ပြောလာတော့ ကျွန်တော့်ကလေးက

"ဘာmorning exercise လဲ မနက်နှစ်နာရီမှအိပ်ရတာလေ အာ့morningဘဲပေါ့ ဟွန်း 😏😏😏"

မဲ့ကာရွဲ့ကာပြောလာတော့ကျွန်တော်ဟန်မဆောင်နိုင်ဘဲရီမိသည်.

"ကို နော် လှောင်တာလား အာ့က သူ့အလိုလည်းလိုက်ရသေးတယ် နောက်တခါဆိုကလေးအိပ်ချင်ရင်အိပ်ပစ်မယ် အလိုမလိုက်တော့ဘူး"

လို့ဆူပုတ်ပြီးပြောလာလေတော

့"အမယ်လေး အာ့လိုတော့မလုပ်ပါနဲ့ ဒီကကောင်ကြီးအသည်းတွေကွဲရပါလိမ့်မယ် ကလေးစကားနားထောင်ဆိုထောင်ပါ့မယ်အာ့လိုတော့မပြောပါနဲ့ကလေးနဲ့ဆို ကို့ စိတ်ကအမြဲမဟုတ်တာဘဲလုပ်ချင်နေလို့ 😁😁"

ပြောပြီးကျွန်တော်ကလေးပါးလေးကိုဖျတ်ခနဲနမ်းပြီးရေချိုးခန်းထဲပြေးဝင်ခဲ့တော့သည်.ရေမိုးချိုးအင်္ကျီဝတ်ပြီးထမင်းစားခန်းဝင်လိုက်တော့ကျွန်တော့်ရဲ့ပဲ့ကိုင်ရှင်လေးကကော်ဖီဝိုင်းနဲ့အဆင်သင့်စောင့်နေလေရဲ့.

"အား မွှေးနေတာဘဲ ကော်ဖီနံ့လေးရော ကြက်ဥလိပ်ထမင်းကြော်နံ့လေးရော "

ပြောပြီးဝင်ထိုင်မယ်လုပ်တော

့"ခဏလေးလေ ကိုရဲ့ necktieအရင်စည်းပေးမယ် "

ဆိုပြီးnecktieကိုကျွန်တော့်လည်ပင်းလေးမှာကလေးလက်နုနုလေးတွေနဲ့တယုတယစည်းပေးနေသောကလေးကိုကြည့်ပြီး

Warning One Shots 😁😁Onde histórias criam vida. Descubra agora