ညီ့ရဲ့Gun

2.2K 84 4
                                    

တီတီ...တီတီ...

နှိုးစက်သံကြားတော့ပိတ်လိုက်ပြီးအိပ်ရာပေါ်ကနေလူးလိမ့်ထရေချိုးခန်းဝင်ခဲ့သည်.

မျက်နှာသစ်သွားတိုက်ရေမိုးချိုးပြီးကျောင်းသွားရန်ပြင်ဆင်၍အောက်ထပ်သို့ဆင်းလာခဲ့သည်.

နေ့စဉ်နေ့တိုင်းကိုယ့်ကိုအိပ်ရာလာနိုးပေးမယ့်မနက်စာပြင်ပေးမယ့်အမေဆိုတာကိုယ်နဲ့အဝေးမှာ.

ကျောင်းကပြန်လာလို့သားရေ...ဒီနေ့ကျောင်းမှာဘယ်လ
ိုအခြေအနေလဲ...ကောင်မလေးတွေစာလိုက်ပေးလားဆိုပြီးရွတ်နောက်နောက်ပြောမယ့်အဖေလည်းမရှိတော့.

အမေကနောက်အိမ်ထောင်ပြုလိုက်ကတည်းကအဖေသူ့အသက်12နှစ်မှာမွေးနေ့လက်ဆောက်ပေးခဲ့သောဒီတိုက်ကလေးကိုပြောင်းပြီးလာနေခဲ့ခြင်းဖြစ်သည်.

အဖေကသူ့အသက်15နှစ်မှာဆုံးပါးခဲ့သည်.အမေကသူ့အသက်17နှစ်မှာနောက်အိမ်ထောင်ပြုခဲ့ခြင်းဖြစ်သည်.

မုန်းနေတာမဟုတ်ပေမယ့်....လက်လည်းမခံပေးနိုင်လို့အိမ်ခွဲနေမယ်ဆိုတော့...Maeကသူ့စိတ်ကိုသိနေ၍ခွင့်ပြုပေးခဲ့ခြင်းပင်.

Porရဲ့အထည်ချုပ်စက်ရုံရယ် electric ပစ္စည်းဖြန့်ချီတဲ့companyကြီးရယ်ကိုသူ့နာမည်နဲ့လွှဲပေးခဲ့ပြီးMaeကဦးစီးပြီးလုပ်ကိုင်ပေးနေခဲ့သည်.

သူ့အသက်23ဆိုဒီလုပ်ငန်းတွေကိုလွှဲပြောင်းယူရတော့မည်.Maeရဲ့နောက်အိမ်ထောင်ကMaeကိုချစ်သည်.

Uncleကကလေးမရနိုင်တဲ့ပြစ်ချက်ကြောင့်သူ့ပထမအိမ်
ထောင်နဲ့ကွဲခဲ့ပြီးအချစ်ဦးဖြစ်တဲ့Maeကိုလက်ထပ်ခွင့်
တောင်းခဲ့ခြင်း.

Porနေရာမှာအစားမထိုးနိုင်၍သာသူဒီလိုလုပ်ခဲ့တာပါ.

Uncleကတော့သူ့ကိုသားတယောက်လိုသဘောထားခဲ့သည်17နှစ်ထဲကအိမ်ခွဲနေခဲ့တာအခုဆိုသူ့အသက်20တောင်ပြည့်ခဲ့ပေါ့.

အိမ်ခွဲနေခဲ့ပေမယ့်ကျောင်းဆက်တက်ဖို့အတွက်သူများတွေလိုအချိန်ပိုင်းတွေဝင်လုပ်စရာမလိုဘဲအေးအေးဆေးဆေးကျောင်းတက်နိုင်ခဲ့သည်မှာPorကျေးဇူးပင်.

အသက်20အရွယ်တက္ကသိုလ်ကျောင်းသားတယောက်အတွက်Porထားခဲ့သောအမွေများကကြားရသူများမယုံနိုင်ကြ.

Warning One Shots 😁😁Hikayelerin yaşadığı yer. Şimdi keşfedin