Ep 5
ရုံးကိုရောက်ရောက်ခြင်းအံ့သြစရာမြင်ကွင်းက Krist ကိုဆီးကြိုနေတော့သည်။ ဘာကြောင့်လဲဆိုတော့ Prachaya Group နဲ့ Sky Group မျက်နှာချင်းဆိုင် 21 ထပ်မြောက်ကိုဟိုဘက်ဒီဘက် ဖြိုချထားတာဖြစ်သည်။ သိချင်ဇောနဲ့ ရုံးထဲမြန်မြန်ပြေးဝင်သွားမိတဲ့ထိပင်။
" Pan! Pan! "
" ဘာလဲဟ နင်ကလဲအရေးတကြီးနဲ့ "
အမောတကောနဲ့ပြေးပြီးခေါ်လာတဲ့ Krist ကြောင့် Pan ပင်လန့်သွားမိသည်။ပြေးလာပုံကိုလဲကြည့်ဦး ဂျပန်ခေတ်က စစ်ပြေးလိုလို ဘာလိုလို မျက်မှန်အကြည်အဝိုင်းနဲ့ ရှပ်လက်ရှည်အဖြူကို အပေါ်ကြယ်သီး 2 လုံးကဖြုတ်ထားပြီး အောက်ကဘောင်းဘီတိုအနက်နဲ့ သူပြေးတဲ့နှုန်းအတိုင်း သူ့ဆံပင်ပျော့ပျော့လေးတွေကတလွင့်လွင့်ဖြစ်နေသေးတာ မသိရင် ဆပ်ပြာသည် လင်ပျောက်တဲ့အတိုင်း......
"ဟိုဘက် 21 ထပ် ဒီဘက် 21 ထပ်ဖြိုချထားပြီးဘာလုပ်ကြတာတဲ့လဲ ? "
" ငါလဲမသိဘူးလေ "
" Por ကိုမေးကြည့်ရမယ် "
Por ကိုဖုန်းခေါ်တော့ ဖုန်းမကိုင်ဘူး အစည်းဝေးလုပ်နေတာများလား ဘယ်သူ့ကိုမေးရမလဲ.......
" Por ဖုန်းမကိုင်ဘူး အစည်းလုပ်နေတယ်ထင်တယ် "
" အင်း ရှိတယ်လေ မနက်က လူစုံအစောကြီးလာရတာနင်ပဲနောက်ကျတာ "
" P'Sing ကိုမေးကြည့် ရမယ် "
Krist အပြောကြောင့် Pan ကမျက်လုံးပြူးပြီးခေါင်းထောင်ကြည့်လာသည်။ ပြီးနောက်......
" ဘယ်လို! ဘယ်လို! ပြန်ပြောကြည့်😲 "
" P'Sing! P'Sing! 😏"
Krist ကတမင်ရွဲ့ပြီး 2 ခါခေါ်ပြလိုက်တဲ့အဆုံး.....
" ဝေါ့! ဝေါ့! 🤮🤮 "
" ရွံလိုက်တာ ရွှေKit ရယ် P'Sing တဲ့ အစကတော့ မိုးတစ်လုံးလေတစ်လုံး လေလုံးထွားခဲ့လိုက်တာခုတော့ P'Sing ဖြစ်သွားပြီတဲ့လား"
YOU ARE READING
ပိုင်ရှင်
Romanceဥစ္စာရင်းမှန်ရင် ပြန်ရတတ်တယ်တဲ့ ကိုယ်ကမင်းရဲ့ပိုင်ရှင်လေ........ #SK ficလေးပါ ကျွန်တော့်ရဲ့ပထမဆုံးမို့ ဝေဖန်ပေးကြပါဦး