Part 6

497 44 11
                                    

Kit တစ်​​ယောက်​​ ​လေ့ကျင့်​ခန်း​တွေ
အသည်းအသန်​လုပ်​ပြီး
ဝိတ်​ပြန်​ချ​နေရသည်​။

ကာလအ​တော်​ကြာ ဇိမ်​ကျကျ
နေလာခဲ့တဲ့အကျိုးကခု​တော့​​တွေ့ပြီ​ပေါ့
လေ့ကျင့်​ခန်း​တွေလုပ်​ရတာ
သေမလို​ပင်​ပန်း​နေပြီ။

" ဟူးးးး​မောတာကွာ"

ပါးစပ်​ကလဲ​လေပူမှုတ်​ထုတ်​ရင်း
လူကလဲကြမ်းခင်း​ပေါ်ပက်​လက်​ကြီး
ဖြစ်​​နေသည်​။ ပင်​ပန်း​ပေမဲ့
လှချင်​မှ​တော့အားတင်းထားရုံပင်​။

" က​လေး ပင်​ပန်းရင်​မလုပ်​နဲ့​တော့ကွာ
ကိုယ့်​လိုဆိုဘာမှမလိုဘူး ဘယ်​ပုံဖြစ်​​နေ​နေ
အဆင်​​ပြေတယ်​ကွာ​နော်​ ပင်​ပန်းမခံနဲ့"

Sing စကားဆုံးတာနဲ့ Kit မျက်​​စောင်းက
ဒိုင်းကနဲ။

" P မလို​ပေမဲ့ Kit လိုတယ်​​လေ
ဒီလိုပွဲမျိုးမှာ
ဘယ်​သူကမလှမပဖြစ်​ချင်​မှာလဲ
အမှတ်​တရပြန်​ကြည့်​လို့မှ
စိတ်​ချမ်း​မြေ့ဖွယ်​မရှိဖြစ်​​နေမှာ​ပေါ့"

" အွန်းးပါ baby ရာ သ​ဘောသ​ဘော"

ကိုယ့်​မှာ​တော့ သူပင်​ပန်း​နေလို့
မကြည့်​ရက်​လို့ ​ဘေးက​နေ
မ​နေနိုင်​မထိုင်​နိုင်​ပူပန်​​နေရတာ
သူကဖြင့်​ကိုယ့်​ကို နားပူတယ်​များ
ထင်​​နေ​လေသလား အ​မောင်​ Kit...

ကိုယ့်​မှာလဲအလုပ်​ကို​ဖြောင့်​​ဖြောင့်​မလုပ်​နိုင်
သူကကိုယ့်​ရုံးဘက်​မှာ ကိုယ့်​အနုပညာသည်
တွေအတွက်​ ထား​ပေးထားတဲ့ စက်​​တွေနဲ့
လာလုပ်​​နေတာကိုး။

ရုံးခန်းထဲကအလုပ်​​တွေကို
ခနပစ်​ထားပြီး သူ​လေးရှိရာလာပြီး
သူ့အစားပင်​ပန်း​နေမိတာ။

"P အလုပ်​မလုပ်​​တော့ဘူးလား
ကျွန်​​တော့နား​နေလို့ ဘာဝင်​​ငွေမှမရဘူး​နော်
အလုပ်​လုပ်​မှ ဝင်​​ငွေရမှာ
အချိန်​​တွေကိုလာဖြုန်း​နေတယ်​ တစ်​ကယ်​ပဲ"

"ကဲ​ပြော baby ကို
ဘယ်​​လောက်​နဲ့တင်​​တောင်းရမလဲ
အတိအကျ​ပြော ချက်​ချင်းတင်​​တောင်းမယ်​"

"​ပေါတယ်​​ပေါ့ ဟုတ်​လား
P ဘယ်​​လောက်​နဲ့တင်​မှာလဲ
ပိုင်​ဆိုင်​သမျှဆိုလဲ ​ပေးမှာပဲလား"

"တစ်​ကယ်​လိုချင်​​ပေးမှာ​ပေါ့
ကိုယ်​ရှာတာမင်းအတွက်​​ပဲ​လေ"

အဲဒီစကားကိုကြားအပြီးမှာ​တော့
Kit ဆိုတာပီတိပင်​လယ်​ကြီးထဲ
လက်​ပစ်​ကူးမိ​တော့တာပါပဲ။
Pချစ်​တယ်​ဆိုတာသိ​နေ​ပေမဲ့​ပေါ့​လေ
ခုလို​လေး ဖွင့်​ဟ​ပြောပြတဲ့​ပေါ်မှာ
ဘယ်​သူကသ​ဘောမကျပဲ​နေနိုင်​မှာလဲ။
ကိုယ့်​ချစ်​သူဆိုတဲ့ အဲလူကြီးက
သူ့ခံစားချက်​​တွေကို တစ်​ဖက်​လူသိ​အောင်
ဖော်​ပြတတ်​တဲ့လူမျိုးမဟုတ်​​လေ​တော့
ခုလို​လေးစိတ်​လိုလက်​ရ​ပြောလာတဲ့​ပေါ်
ကျေနပ်​ပီတိဖြစ်​ရတာ​ပေါ့။

ဒီလကုန်​မှာ ကျွန်​​တော့ဖန်​တီးမှု့​တွေကို
ပွဲထုတ်​မှာ​လေ အဲကျကိုယ်​က
ပုံပျက်​ပန်းပျက်​ဝ​နေလို့ဖြစ်​မလား​နော်
ဒါ​ကြောင့်​ အသည်းအသန်​ဝိတ်​ချ​နေရတာ။
သူဆိုတဲ့ Singto ကအလုပ်​ပြီးအလုပ်
လုံးပန်း​နေတာ လူကဝိတ်​ချရလွတ်
ဖြစ်​​နေတာကိုး​ပြောအားရှိတာ​ပေါ့။

ကိုယ်​လို အစာဝ​နေတဲ့ဝက်​က​တော့
ကြိုးစားထား *ငါဟဲ့​ယောက်ျား*

               ************

(အပိုင်းတိုသွားတယ်​ ​တောင်းပန်​ပါတယ်​ဗျာ
အမှားလဲမစစ်​လိုက်​ရ​သေးဘူး)

You've reached the end of published parts.

⏰ Last updated: Jun 28, 2019 ⏰

Add this story to your Library to get notified about new parts!

ပိုင်​ရှင်​Where stories live. Discover now