မှော်ဆန်သောအချစ်(Magical Love) AePe TinCan Bl ficရှည် (အပိုင်း ၈)
" ပီ ဒီကို ခဏ လာပါအုံး "
အေးနဲ့ပီနဲ့ဆက်ဆံရေးက တကယ့်ကိုအေးစက်နေခဲ့တယ်။အေး ပီ့ကိုနမ်းခဲ့မိတဲ့အတွက် ပီကျေနပ်အောင်တောင်းပန်ခဲ့ပေမယ့် ပီက အေးအပေါ်အတော်လေး အေးစက်သွားခဲ့တယ်။ အရင်လိုမဟုတ်ဘဲ အေးအပေါ်သိသိသာသာ ဆက်ဆံရေးပြောင်းလဲသွားခဲ့သည်။ ဒါကိုအေးသိပေမယ့် ပီ့ကိုအပြစ်မပြော သူကနမ်းခဲ့မိသည်မလား သူလွန်ခဲ့တာမို့ ပီ့ရဲ့ခပ်တန်းတန်းဆက်ဆံရေးကိုပဲ အေးကျေနပ်နေရတော့သည်။
"လာပီ အေး ဘာပြောမလို့လဲ"
"ငါ မြန်မာနိုင်ငံမှာfan meetingရှိတယ်ဆိုတာ မင်းသိတယ်မလား ပီ"
"အင်း သိတယ်လေ "
"အဲ့ဒါအဲ့ပွဲကို မင်းလိုက်ခဲ့ပေးပါ"
"ဘာလို့လဲ ခါတိုင်း Japanတို့ တရုတ်တို့က fmတွေသွားရင်တောင် ငါ့ကိုမခေါ်တာ အခု မြန်မာဆိုမှဘာလို့ငါ့ကိုခေါ်နေတာလဲ"
အေး ပီ့ကိုရန်ကုန်ခေါ်ချင်ရတဲ့အကြောင်းအရင်းက တစ်ခုတည်းပါ အဲ့ဒါက ပီက မြန်မာနိုင်ငံကိုရောက်ဖူးချင်တယ်လို့ ပြောထားခဲ့ဖူးလို့ပါ အဲ့ဒါကိုအေးမှတ်မိနေတာမို့ ပီ့ကို ခေါ်နေရခြင်း
(ဒီနေရာမှာ သံစဉ်တစ်ခုပြောချင်တာက အေးနဲ့ပီက ထိုင်းနာမည်ဆိုပေမယ့် မန်နေဂျာဒေါ်ထိပ်ထားနွယ်တို့ ရွှန်းတို့ကကြ မြန်မာနာမည်တွေဖြစ်နေတာမို့ ကလေးတွေကို မြန်မာမှာနေတယ်လို့မထင်ပါနဲ့နော် ရွှန်းတို့နာမည်ကို ထိုင်းနာမည်တွေမစဉ်းစားတတ်တော့လို့ မြန်မာနာမည်ပဲပေးလိုက်တာပါ ကလေးတွေက တခြားနိုင်ငံကလို့ပဲသိထားပေးပါနော် အချိန်အခါလည်းတိုက်ဆိုင်သွားအောင် မြန်မာနိုင်ငံကိုfmလာလုပ်တယ်လို့ နားလည်ပေးပါနော် ရှုပ်သွားရင် သံစဥ့်ကိုပြန်မေးပါနော်)
"မင်းဟိုတစ်ခါက သွားချင်တယ်လို့ပြောထားတာကြားမိလို့ ခေါ်နေတာ မလိုက်ချင်ရင်လည်းသဘောလေ"
ပီ့စိတ်ထဲတွင်တော့ အေးက သူပြောသမျှစကားတိုင်း အလေးထားတယ်လို့ခံစားနေရသည်။ အခုလည်းသူမြန်မာနိုင်ငံကိုရောက်ဖူးချင်နေတယ်ဆိုတာ အေးမှတ်မိနေတယ်လေ။
