Part 4

1.4K 104 11
                                        

ကျွန်​​တော်​ပထမဆုံး Uniစတက်​တဲ့​နေ့က​တော့ တကယ့်​ကို​ယောင်​လည်​လည်​နဲ့ပါ။ကျွန်​​တော့်​မှာ သူငယ်​ချင်းဆိုလို့ ငယ်​ကတည်းက​ပေါင်းလာတဲ့ ပီတစ်​​ယောက်​ပဲရှိခဲ့တာပါ။ အ​ပေါင်းအသင်းနည်းတဲ့အပြင်​ ပီနဲ့Uniမတူလို့ ဒီ​နေ့တကယ်​ကို​ အကျပ်​ရိုက်​​​နေတာပါ။ အခန်းမသိလို့ စီနီယာအစ်​ကိုကြီး​တွေကို​မေးလိုက်​မိပါတယ် ရုပ်​တည်​ကြီး​တွေနဲ့ ​သေချာရှင်းပြ​ပေးကြလို့ ​ကျေးဇူးတင်​မိပါရဲ့ ​နောက်​မှ​ရောက်​သွားတာက Toilet ၊ ​တကယ့်​ကိုရုပ်​တည်​ကြီးနဲ့စီနီယာ​တွေ​က ​နောက်​လိုက်​တာကို မသိ၊ တကယ်​ထင်​ပီး သွားမိတာက ကျွန်​​တော့်​အမှား အခုချိန်​ထိ အခန်းကိုမ​ရောက်​နိုင်​​သေး ဟူး...စိတ်​ညစ်​ပါတယ်​ တကယ့်​ကို unlucky dayပါပဲဗျာ...

"အစ်​ကို ..အစ်​ကို..E-major ပထမနှစ်​​အခန်းကဘယ်​မှာလဲခင်​ဗျ"

ကျွန်​​တော်​စီနီယာတစ်​​ယောက်​ကို​မေးလိုက်​မိသည်​။ ရုပ်​ကြည့်​ရတာ တကယ်​လူကြီးလူ​ကောင်းပီသတဲ့ရုပ်​မို့ ယုံကြည်​စွာအားကိုးလိုက်​မိချင်း။နေကသိပ်​မပူ​ပေမယ့်​ ဟို​ပြေးဒီလွှားနဲ့အခန်းရှာ​နေတာမို့ ကျွန်​​တော့်​​ခေါင်း​ပေါ်က​ချွေး​တွေက မျက်​နှာ​ပေါ်ကိုစီးကျ​နေတယ်​။ ဒါ​ပေမယ့်​ မမှုအား အဓိကက အခန်းသိရ​ရေး ဒို့အ​ရေးပဲ​လေ..

"E-major ပထမနှစ်​အခန်းလား ညီ​လေး"

"ဟုတ်​ကဲ့​ဗျ၊"

"​သြော်​ အစ်​ကို​ပြောပြမယ်​ ​သေချာမှတ်​ထား​နော်​"

"ဟို​ရှေ့ကစာကြည့်​တိုက်​ကို​တွေ့လား၊ "

ထိုစီနီယာအစ်​ကိုက ​ကျွန်​​တော်​နဲ့မလှမ်းမကမ်းမှာရှိတဲ့ စာကြည့်​တိုက်​ကိုလက်​ညှိုးထိုးရင်း စိတ်​အားတက်​ကြွစွာ လမ်းညွှန်​​နေတယ်။ ဒီတစ်​ခါ​တော့အခန်းကိုရှာ​တွေ့​လောက်​ပီထင်​ပါရဲ့..

"အဲ့စာကြည့်​တိုက်​က​နေ တန်းတန်းသွား ပီးရင်​ညာကိုချိုး ​ရှေ့ဆက်​သွား ပီးတာနဲ့ ဘယ်​ကိုပြန်​ချိုး နည်းနည်း​လောက်​ထပ်​သွားပီးရင်​ ဘယ်​ကိုပဲထပ်​ချိး အဲ့က​နေ လမ်း​လေး​တွေ့ရင်​ ညာကိုထပ်​ချိုးထား ပီးရင်​ဘယ်​ပြန်​ချိုး အဲ့ဒါပီးတာနဲ့ ဘယ်​တစ်​ခါညာတစ်​ခါပြန်​ချိုး ပီးရင်​​ရောက်​ပီ။"

Magical Love ( ​မှော်​ဆန်​​သောအချစ်​)Où les histoires vivent. Découvrez maintenant