Part 2

1.7K 112 17
                                    

အေးရဲ့ Make up artistရွှန်းတစ်​​ယောက်​ မန်​​နေဂျာ မမရုံးခန်းကို ​ရေးကြီးသုတ်​ပျာ​ပြေးလာသည်​။

"​ဒေါက်​ ...​ဒေါက်​"

"ဝင်​ခဲ့ပါ"

"​မမ​ရေ ပြသနာတက်​ပြန်​ပီ"

"ဘာဖြစ်​ပြန်​တာလဲ ရွှန်း။ ​အေး ပြသနာရှာပြန်​ပီလား"

"ဟုတ်​တယ်​မမ၊ ​အေးပြသနာလုပ်​ပြန်​ပီ"

"ဒီတစ်​​ခေါက်​​ရော ဘာဖြစ်​တာတဲ့လဲ"

မရိုးနိုင်​တဲ့ပြသနာ​ပေါင်းစုံကိုနား​ထောင်​ရအုံးမှာမို့ မန်​​နေဂျာ ​ဒေါ်ထားထားနွယ်​ ​ခေါင်းကိုက်​​နေမိပီ။

"မမ​ရေ..​အေးအိမ်​က အိမ်​အကူအ​ဒေါ်ကြီးကိုအလုပ်​ထုပ်​လိုက်​ပြန်​ပီ။"

"ဘာလို့ထုတ်​လိုက်​ပြန်​တာတဲ့လဲ"

တစ်​​နေ့တစ်​မျိုးပြသနာမျိုးစုံရှာသည့်​​အေးတစ်​​ယောက်​ အခုလည်း​နောက်​ထပ်​ အိမ်​အကူတစ်​​ယောက်​ကိုအလုပ်​ထုတ်​လိုက်​ပြန်​ပီ။ ထမင်းချက်​၊အဝတ်​​လျှော်​၊အိမ်​သန့်​ရှင်း​ရေး အစအဆုံးတာဝန်​ယူထားရတဲ့ အိမ်​အကူမရှိ​တော့တာမို့ ကတက်​ရိုက်​အုံးမည့်​ဖြစ်​ခြင်း။ အမြန်​ဆုံးအိမ်​အကူရှာရပြန်​​တော့မည်​။ တကယ့်​ပြသနာမင်းသား​အေးပါ။

"သူ့အင်္ကျီကို မီးပူတိုက်​ထားတာအချိုးမကျလို့ အဆင်​မ​ပြေလို့တဲ့ မမ"

"အ​ကြောင်းပြချက်​ကရိုးရှင်းလိုက်​တာ ဒါနဲ့ပဲအလုပ်​ထုတ်​ပြန်​​ရောတဲ့လား"

"ဟုတ်​တယ်​မမ၊ အဲ့ဒါအခု အိမ်​အကူအသစ်​အမြန်​ဆုံးရှာရမယ်​မမ။ ​အေးက​ပြောလို​က်​တယ်​ ဒီတစ်​ခါအိမ်​အကူရှာရင်​ ​အ​ဒေါ်ကြီး​တွေမ​ခေါ်ပါနဲ့တဲ့ မိန်းက​လေးငယ်​ငယ်​​လေး​တွေလည်း မ​ခေါ်နဲ့​တော့တဲ့၊ ​ယောကျာ်း​လေးအိမ်​အကူပဲရှာ​ပေးတဲ့"

"ဘယ်​လို ​ယောကျာ်း​လေးအိမ်​အကူဟုတ်​လား ရွှန်း"

"ဟုတ်​တယ်​မမ..​ရွှန်းလည်းရူးချင်​ပါတယ်​မမရယ်​။ ​အိမ်​အလုပ်​​တွေအကုန်​လုပ်​တတ်​တဲ့​ယောကျာ်း​လေးမျိုးက ဒီ​ခေတ်​မှာ​တော်​​တော်​ရှား​နေပီကို"

Magical Love ( ​မှော်​ဆန်​​သောအချစ်​)حيث تعيش القصص. اكتشف الآن