လွန်ခဲ့သောနှစ်ပေါင်းတစ်ထောင်ခန့် Goryeo-Khitan စစ်ပွဲအတွင်း
"ပြေး ပြေး တပ်ကြီးရောက်လာပြီ""သားလာ ဒီမှာပုန်းနေ"
"Omma Appa ဗြဲ..."
ဟေး...ချီတက်ကြ
လူငယ်တွေ တစ်ယောက်မှမချန်နဲ့ အကုန်ဖမ်းခေါ်လာခဲ့ ငါတို့နိုင်ငံကို သုံ့ပန်းအနေနဲ့ခေါ်သွားမယ် ထွက်ပြေးတဲ့သူ အနှောက်ယှက်ပေးတဲ့သူအကုန် သုတ်သင်ပစ်...
"လူကြီးမင်းတို့ရယ် ကျွန်မမြေးလေးကို မခေါ်သွားပါနဲ့ ဒီအဘွားအိုတစ်ယောက်တည်း ဘယ်လိုအသက်ဆက်ရှင်ရမလဲ ကျေးဇူးပြုပြီး မြေးလေးကို မခေါ်သွားကြပါနဲ့"
"ဒီအဘွားကြီးကတော့ ဖယ်စမ်း..."
လိုက်ဆွဲနေသော အဘွားအိုအား ကြမ်းတမ်းစွာ တွန်းလိုက်သည်
"အဘွား... အဘွားကို မလုပ်ကြပါနဲ့"
"မင်းတို့တွေ ဘာလို့ဒီလောက်ကြာနေရတာလဲ ဒီကောင်လေးတစ်ယောက်ကိုတောင် ရအောင်မဖမ်းခေါ်နိုင်ဘူးလား"
"စစ်သူကြီး Wu Yifan"
အိမ်ခြံဝင်းငယ်ထဲ မြင်းစီး၍ ဝင်လာသောစစ်သူကြီး Wu Yifanအား ခေါင်းငုံ့ပြီး အရိုအသေပြုလိုက်သည်
"ဒီအဘွားကြီးက အတင်းလိုက်ဆွဲနေလို့ပါ"
"ဘာ ဒီလောက်အားနွဲ့တဲ့ အဘွားကြီးကို အကြောင်းပြနေတာလား မြန်မြန်ခေါ်ခဲ့စမ်း ငါ့တို့အရှင်မင်းကြီး Shenzongက မဟာတံတိုင်းကြီးကို ရက်အတိုအတွင်းတည်ဆောက်ဖို့ မိန့်ထားတယ် အဲ့ဒီတော့ ဒီဂိုလျောက သုံ့ပန်းတွေကို ခေါ်သွားရမယ် လူတွေမလောက်ပဲ မပြီးလို့ကတော့ မင်းကြီးအမျက်တော်ရှခံရမယ် အဲ့မှခေါင်းနဲ့ကိုယ် မမြဲဘဲဖြစ်နေမယ် မင်းတို့နားလည်ကြရဲ့လား"
"လူကြီးမင်းတို့ရယ် မြေးလေးကို မခေါ်သွားကြပါနဲ့..."
"မြန်မြန်မဖမ်းခေါ်လာဘဲနဲ့ ဘာလုပ်နေတာလဲ"
ထိုစဉ် Wu Yifan ဓားကိုထုတ်လိုက်ပြီး
"အသက်မသေချင်ရင် အနောက်ကိုဆုတ်လိုက်စမ်း"
တစ်ချက်ရပ်တံ့သွားသောအဘွားအို
"ခင်ဗျားရဲ့မြေးကိုပါ သတ်ပစ်လိုက်လို့ရတယ် နားလည်လား"
YOU ARE READING
All Of Me
Fanfictionလွန်ခဲ့သောနှစ်ပေါင်းတစ်ထောင်မှ ယနေ့အထိ အိုမင်းသေဆုံးခြင်းမရှိသော Wu Yifan၏ကျိန်စာကို ဖြေပေးရမည့်သူမှာ သူထင်မှတ်ထားသလို မဟုတ်သောအခါ... Kris x ChanYeol