Ep-2

91 12 0
                                    

ဆယ်နှစ်တစ်ခါ တစ်နေရာပြီးတစ်နေရာပြောင်းနေတာ ခုတော့ Daehan Mingu ဆိုတဲ့ Koreaနိုင်ငံကို ပြောင်းလာခဲ့ပြီ အရင်က ငါ့ကိုကျိန်စာတိုက်ခဲ့တဲ့အဘွားကြီးရဲ့မျိုးနွယ်တွေ နေထိုင်တဲ့နေရာပေါ့ ကိုယ့်နာမည်က Kris Wu လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်ကတော့ Wu Yifanပေါ့ အခု Galaxy Entertainment ပိုင်ရှင် Liu De Huaရဲ့တူအနေနဲ့ Koreaကို လာခဲ့တာပေါ့ De Huaလား ကိုယ်ကဘယ်လိုလူလဲဆိုတာသိတယ် အရင်သူ့ဘိုးဘွားတွေက ကိုယ့်ရဲ့သစ္စာခံတွေလေ အခုအထိ မျိုးရိုးစဉ်ဆက် အလုပ်ကျွေးလုပ်နေတယ်ဆိုပါတော့

"Wuသခင်လေး အိမ်ပြင်ဆင်တာ အခက်အခဲရှိလို့ ဒီနေ့တော့ Hotelမှာတည်းခိုရပါမယ်ခင်ဗျ နောက်တစ်ပတ်လောက်မှ အိမ်ကိုပြောင်းလို့ရပါမယ်"

"ရပါတယ်"

လူ့လောကမှာ ကျင်လည်တာကြာလာတော့ စွဲလမ်းမှုတွေ အာဃာတတွေမထားတော့ဘူး လူတိုင်းဟာ ကိုယ့်မျက်စိရှေ့တင်မွေးဖွားလာကြတယ် ပြီးတော့ သေဆုံးကုန်ကြတယ် ဘယ်အရာမှမတည်မြဲဘူးဆိုတာကို နားလည်လာခဲ့တယ် ဒါပေမဲ့ လူတွေကတော့ ဘာမဟုတ်တဲ့အရာလေးတွေနဲ့ပတ်သက်ပြီး လောဘ ဒေါသတွေများနေကြတုန်းပဲ

At Lucky Hotel
"ရောက်ပါပြီ အေးဆေးအနားယူလို့ရပါပြီ လိုအပ်တာရှိရင် ကျွန်တော့ကိုဖုန်းဆက်လို့ရပါတယ်"

"ကောင်းပါပြီ"

Namsang Towerက နာမည်ကြီးတယ်လို့ကြားဖူးတယ် Myeong Dongကောပဲ လူတွေအလည်ပတ်ဆုံးနေရာတွေထဲကတစ်ခုတဲ့ ရေချိုးပြီးရင်တော့ သွားကြည့်ဦးမှပါလေ

အမိုးဖွင့်ပြိုင်ကားအဖြူလေးဖြင့် Namsang Towerသို့ဦးတည်ပြီးမောင်းသွားလေသည်

At Namsang Tower
လူတွေက သူတို့ချစ်ရသူတွေနဲ့ သော့အတူခတ်ကြတယ်တဲ့ အင်း ငါကရော ငါ့ဖူးစာရှင်က ဘယ်မှာများလဲ ငါ့ကိုဒီလိုဘဝကနေကျွတ်အောင် ကူညီပေးမယ့် ငါ့ဖူးစာရှင်က ဘယ်မှာလဲ သူ့ကိုရှာနေခဲ့တာ နှစ်ပေါင်းတစ်ထောင်ရှိပြီ သူက ဘယ်မှာများရှိနေလိမ့်မလဲ...

              ******* All Of Me ********

At Lucky Hotel

"De Hau ငါ Koreaရောက်ပြီ"

"မင်းရဲ့companyမှာ ရှယ်ယာရှင်အဖြစ်နဲ့ အစည်အဝေးတက်ရမယ် ဟုတ်လား"

All Of MeWhere stories live. Discover now