စတင်​ခြင်း

3.5K 24 0
                                    

ကျွန်​မနာမည်​က ဘီ အထက်​တန်း​အောင်​ပြီးစ fresherလေး​ပေါ့ ကျွန်​မက ကိုယ့်​ကိုယ်​ကို အမြဲယုံကြည်​မှုရှိတယ်​ သူငယ်​ချင်း​တွေကလည်း social ကျတဲ့ ကျွန်​မကို အရမ်းခင်​ကြတယ်​ သူငယ်​ချင်း​တွေရဲ့ အချစ်​​တော်​​လေး ကျွန်​မ​"ဘီ"

တ​စ်​​နေ့​ပေါ့ ကျွန်​မတို့ သူငယ်​ချင်းတစ်​စု သင်​တန်းလစ်​ပြီး မုန့်​သွားစားကြတယ်​ အဲ့​နေ့မှာ ရုပ်​​ပြောင်​ထားတဲ့ ပုံ​လေး​တွေရိုက်​ခဲ့တယ်​ လျှာထုတ်​ မျက်​လုံးမှိတ်​ပြတဲ့ပုံ​တွေ​ရော​ပေါ့ ထုံးစံအတိုင်း group တစ်​ခုမှာ ​ဆေးထိုးတဲ့ သူဆိုတာ ရှိစမြဲပဲ​လေ မတင်​ဖို့လုပ်​ထားတဲ့ပုံ​လေး​တွေ fb ​ပေါ်​ရောက်​သွားခဲ့တယ်

Like ​တွေကလည်း friends 3000 ​ကျော်​ဆို​တော့ အများကြီးရခဲ့တာ​ပေါ့ 😂😂

ကျွန်​မက fb မှာ သတင်းနဲ့ပတ်​သက်​တဲ့page ​တွေကို like and follow,see first ထားတယ်​​လေ ​ခွေး​လေး​တွေက သူတို့သခင်​​တွေအတွက်​ အစား​သေ​ပေးတယ်​ဆိုတဲ့ ပို့စ်​တစ်​ခုမှာ ကျွန်​မ ၀င်​မန့်​ခဲ့တာ​ပေါ့ အဲ့မှာ စတာပဲ

သူနဲ့ကျွန်​မ အဲ့​နေ့ညမှာ ​ခွေးပို့စ်​​လေးရဲ့ comment ​အောက်​မှာ စတင်​ အ​ကြောင်းဖန်​လာတာ​ပေါ့

ကျွန်​မacc ကို သူ လာအပ်​တယ်​ ကျွန်​မကလည်း accept ပြန်​လုပ်​လိုက်​​တော့ ​မောင်​မင်းကြီးသားက active now ​လေးနဲ့ wave ပြပြီး ကျွန်​မကို ​စောင့်​ကြို​နေတယ်​​လေ

အစက​တော့ မင်းနဲ့ငါ ​ပြောကြတာ​ပေါ့ သူက ကိုယ့်​ကို fake acc နဲ့ စကားလာ​ပြောတာကိုး စကား​ပြောတာ ​နည်းနည်း​လေးကြာသွား​တော့ ဒင်းက

Ac: မင်း ငါ့ကို မင်းနဲ့ငါလို့ပဲ ​ပြော​နေ​တော့မှာလား
ကိုယ်​က မင်းထက်​အသက်​ကြီးတယ်​​နော်
B: အမ်​ အကိုက ဘယ်​နှနှစ်​မို့လို့လဲ

Ac:ငါက မင်းထက်​ ၇နှစ်​​လောက်​ကြီးတယ်
B: ဟားဟား ​တော်​ပါ​တော့ မသိချင်​ဘူး bro လို့​ခေါ်မယ်​ ဟုတ်​ပြီလား

Ac: no, ကိုကို လို့​ခေါ်
B:​သေလိုက်​ပါလား

ဒီလိုနဲ့ပဲ တစ်​ရက်​တာ ကုန်​ဆုံးသွားတယ်​ ကိုယ်​က နိုင်​ငံ​ရေးအ​ကြောင်း​တွေ သိပ်​​ပြောတတ်​တယ်​ သူက ကိုယ့်​wall ထဲ ၀င်​ကြည့်​ပြီး

Ac: မင်းက နိုင်​ငံ​ရေးအ​ကြောင်း​တွေ အရမ်း​ပြောတယ်​​နော်​ သိပ်​မ​ပြောနဲ့ အဖမ်းခံရလိမ့်​မယ်
B: အမ်​ စိတ်​ပူ​ပေးတဲ့အတွက်​ ​ကျေးဇူးတင်​ပါတယ်

Ac: အင်းပါ ဟုတ်​ပါပြီ ဒါနဲ့ မင်းတို့ တက္ကသိုလ်​တက်​ဖို့ ​မေဂျာ​တွေကျပြီလား
B: အင်း

Ac: ဘာ​မေဂျာရလဲ
B: IR

Ac: မင်းက နိုင်​ငံ​ရေး လုပ်​မလို့လား
B: လုပ်​စရာလား ​နိုင်​ငံ​ရေးဆိုတာ နိုင်​ငံ့အ​ရေး
နိုင်​ငံ့အ​ရေးကို နိုင်​ငံသားတိုင်း သိထားသင့်​တယ်

Ac: အ​တွေးအ​ခေါ်​တွေက​တော့ ရှယ်​ပဲ​နော်
မင်းဂုဏ်​ထူး ဘယ်​နှစ်​ဘာသာပါလဲ
B: ရိုးရိုးပဲ

Ac: အမှတ်​​ပေါင်းက​ရော
B : ဂုဏ်​ထူးမပါဘူး ၄၀၃ မှတ်
ရော့ ဒီမှာ ဆိုပြီး ကျွန်​မရဲ့ အမှတ်​စာရင်းရိုက်ထားတဲ့​စာရွက်​ကို သူ့ဆီပို့​ပေးလိုက်​တယ်

မြန်​မာ ၇၁
အင်္ဂလိပ်​ ၆၅
သင်္ချာ ၆၀
ဓာတု ၆၈
ရူပ ၇
ဘောဂ ၆၉

Ac: wow! မင်းက​တော်​တာပဲ ကိုယ်​လည်း eco ပဲ မင်း eco အ​ကြောင်းဘယ်​​လောက်​သိလဲ
B: ဟိုးထားဆရာ ဘာမှမသိ​တော့ဘူး

ဒီလိုနဲ့ သူက စကားမရှိစကားရှာပြီး ညတိုင်း ညတိုင်းစကားလာလာ​ပြော​တယ်​ ကိုယ်​လည်း သူဘယ်​​ခြေလှမ်းကိုဦးတည်​​နေတယ်​ဆိုတာ မသိဘူး​လေ

ဆယ်​တန်း​ပြီးတဲ့အချိန်​အထိ ကိုယ်​ဟာ ရည်းစားတစ်​ခါမှမထားဖူးခဲ့တဲ့ အဖြူထည်​​လေးပါ ကိုယ့်​ကို ရည်းစားစာ​ပေးတဲ့ ရှားရှားပါပါးတစ်​​ယောက်​ကလည်း သူငယ်​ချင်းဖြစ်​​နေလို့ ကိုယ်​က ငြင်းလွှတ်​လိုက်​မိတယ်​ ကိုယ့်​ကို ကြိုက်​မယ့်​သူမရှိဘူးဆိုပါ​တော့

အဲ့​တော့ ကိုယ့်​ကိုညတိုင်းလိုလို စကားလာ​ပြော​နေတဲ့လူက ကိုယ့်​ရဲ့ ပ​ဟေဠိ ဖြစ်​လာခဲ့တာ​ပေါ့ သူ့ရုပ်​ကိုလည်း မမြင်​ဖူးဘူး တစ်​ခါတ​လေ သူက ဖုန်း​ခေါ်ပြီး သီချင်း​တွေဆိုပြတယ်​ ကိုယ်​သိပ်​​ပျော်​ခဲ့တာ​ပေါ့

သူဆက်​​ပြောမယ့်​စကား​တွေကို ပိတ်​ပိတ်​ပြီး မ​ပြောဖြစ်​​အောင်​လုပ်​မိတဲ့ ကိုယ့်​ကိုယ့်​ကို ​ဒေါသထွက်​မိတယ် သူ​ပြောတာ​တွေကိုသာ နား​ထောင်​ခဲ့ရင်​ ကိုယ်​နဲ့သူဆိုတာ ဒီ​နေ့ဒီအချိန်​ထိ အတူရှိ​နေမှာ မဟုတ်​ဘူး

အဲ့အခါ ဇာတ်​လမ်းဆိုတာ ဘယ်​ဖြစ်​လာ​တော့မှာလဲ ဟုတ်​တယ်​မလား

အ​ပျော်​က​နေ အတည်​ဖြစ်​သွားတဲ့အခါ ဘယ်​လိုပြဿ နာ​တွေနဲ့ကြုံရမလဲ သူက ဘယ်​လိုလူစားမျိုးလဲ ဒါ​တွေကို ​နောက်​ကျရင်​ ​ရေး​ပေးပါမယ်​​နော်​ အခု​တော့ bye bye....

စနိုက်​​ကြော်​တာ မဟုတ်​ရပါ(Complete)Where stories live. Discover now