ကျွန်မနာမည်က ဘီ အထက်တန်းအောင်ပြီးစ fresherလေးပေါ့ ကျွန်မက ကိုယ့်ကိုယ်ကို အမြဲယုံကြည်မှုရှိတယ် သူငယ်ချင်းတွေကလည်း social ကျတဲ့ ကျွန်မကို အရမ်းခင်ကြတယ် သူငယ်ချင်းတွေရဲ့ အချစ်တော်လေး ကျွန်မ"ဘီ"
တစ်နေ့ပေါ့ ကျွန်မတို့ သူငယ်ချင်းတစ်စု သင်တန်းလစ်ပြီး မုန့်သွားစားကြတယ် အဲ့နေ့မှာ ရုပ်ပြောင်ထားတဲ့ ပုံလေးတွေရိုက်ခဲ့တယ် လျှာထုတ် မျက်လုံးမှိတ်ပြတဲ့ပုံတွေရောပေါ့ ထုံးစံအတိုင်း group တစ်ခုမှာ ဆေးထိုးတဲ့ သူဆိုတာ ရှိစမြဲပဲလေ မတင်ဖို့လုပ်ထားတဲ့ပုံလေးတွေ fb ပေါ်ရောက်သွားခဲ့တယ်
Like တွေကလည်း friends 3000 ကျော်ဆိုတော့ အများကြီးရခဲ့တာပေါ့ 😂😂
ကျွန်မက fb မှာ သတင်းနဲ့ပတ်သက်တဲ့page တွေကို like and follow,see first ထားတယ်လေ ခွေးလေးတွေက သူတို့သခင်တွေအတွက် အစားသေပေးတယ်ဆိုတဲ့ ပို့စ်တစ်ခုမှာ ကျွန်မ ၀င်မန့်ခဲ့တာပေါ့ အဲ့မှာ စတာပဲ
သူနဲ့ကျွန်မ အဲ့နေ့ညမှာ ခွေးပို့စ်လေးရဲ့ comment အောက်မှာ စတင် အကြောင်းဖန်လာတာပေါ့
ကျွန်မacc ကို သူ လာအပ်တယ် ကျွန်မကလည်း accept ပြန်လုပ်လိုက်တော့ မောင်မင်းကြီးသားက active now လေးနဲ့ wave ပြပြီး ကျွန်မကို စောင့်ကြိုနေတယ်လေ
အစကတော့ မင်းနဲ့ငါ ပြောကြတာပေါ့ သူက ကိုယ့်ကို fake acc နဲ့ စကားလာပြောတာကိုး စကားပြောတာ နည်းနည်းလေးကြာသွားတော့ ဒင်းက
Ac: မင်း ငါ့ကို မင်းနဲ့ငါလို့ပဲ ပြောနေတော့မှာလား
ကိုယ်က မင်းထက်အသက်ကြီးတယ်နော်
B: အမ် အကိုက ဘယ်နှနှစ်မို့လို့လဲAc:ငါက မင်းထက် ၇နှစ်လောက်ကြီးတယ်
B: ဟားဟား တော်ပါတော့ မသိချင်ဘူး bro လို့ခေါ်မယ် ဟုတ်ပြီလားAc: no, ကိုကို လို့ခေါ်
B:သေလိုက်ပါလားဒီလိုနဲ့ပဲ တစ်ရက်တာ ကုန်ဆုံးသွားတယ် ကိုယ်က နိုင်ငံရေးအကြောင်းတွေ သိပ်ပြောတတ်တယ် သူက ကိုယ့်wall ထဲ ၀င်ကြည့်ပြီး
Ac: မင်းက နိုင်ငံရေးအကြောင်းတွေ အရမ်းပြောတယ်နော် သိပ်မပြောနဲ့ အဖမ်းခံရလိမ့်မယ်
B: အမ် စိတ်ပူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်Ac: အင်းပါ ဟုတ်ပါပြီ ဒါနဲ့ မင်းတို့ တက္ကသိုလ်တက်ဖို့ မေဂျာတွေကျပြီလား
B: အင်းAc: ဘာမေဂျာရလဲ
B: IRAc: မင်းက နိုင်ငံရေး လုပ်မလို့လား
B: လုပ်စရာလား နိုင်ငံရေးဆိုတာ နိုင်ငံ့အရေး
နိုင်ငံ့အရေးကို နိုင်ငံသားတိုင်း သိထားသင့်တယ်Ac: အတွေးအခေါ်တွေကတော့ ရှယ်ပဲနော်
မင်းဂုဏ်ထူး ဘယ်နှစ်ဘာသာပါလဲ
B: ရိုးရိုးပဲAc: အမှတ်ပေါင်းကရော
B : ဂုဏ်ထူးမပါဘူး ၄၀၃ မှတ်
ရော့ ဒီမှာ ဆိုပြီး ကျွန်မရဲ့ အမှတ်စာရင်းရိုက်ထားတဲ့စာရွက်ကို သူ့ဆီပို့ပေးလိုက်တယ်မြန်မာ ၇၁
အင်္ဂလိပ် ၆၅
သင်္ချာ ၆၀
ဓာတု ၆၈
ရူပ ၇
ဘောဂ ၆၉Ac: wow! မင်းကတော်တာပဲ ကိုယ်လည်း eco ပဲ မင်း eco အကြောင်းဘယ်လောက်သိလဲ
B: ဟိုးထားဆရာ ဘာမှမသိတော့ဘူးဒီလိုနဲ့ သူက စကားမရှိစကားရှာပြီး ညတိုင်း ညတိုင်းစကားလာလာပြောတယ် ကိုယ်လည်း သူဘယ်ခြေလှမ်းကိုဦးတည်နေတယ်ဆိုတာ မသိဘူးလေ
ဆယ်တန်းပြီးတဲ့အချိန်အထိ ကိုယ်ဟာ ရည်းစားတစ်ခါမှမထားဖူးခဲ့တဲ့ အဖြူထည်လေးပါ ကိုယ့်ကို ရည်းစားစာပေးတဲ့ ရှားရှားပါပါးတစ်ယောက်ကလည်း သူငယ်ချင်းဖြစ်နေလို့ ကိုယ်က ငြင်းလွှတ်လိုက်မိတယ် ကိုယ့်ကို ကြိုက်မယ့်သူမရှိဘူးဆိုပါတော့
အဲ့တော့ ကိုယ့်ကိုညတိုင်းလိုလို စကားလာပြောနေတဲ့လူက ကိုယ့်ရဲ့ ပဟေဠိ ဖြစ်လာခဲ့တာပေါ့ သူ့ရုပ်ကိုလည်း မမြင်ဖူးဘူး တစ်ခါတလေ သူက ဖုန်းခေါ်ပြီး သီချင်းတွေဆိုပြတယ် ကိုယ်သိပ်ပျော်ခဲ့တာပေါ့
သူဆက်ပြောမယ့်စကားတွေကို ပိတ်ပိတ်ပြီး မပြောဖြစ်အောင်လုပ်မိတဲ့ ကိုယ့်ကိုယ့်ကို ဒေါသထွက်မိတယ် သူပြောတာတွေကိုသာ နားထောင်ခဲ့ရင် ကိုယ်နဲ့သူဆိုတာ ဒီနေ့ဒီအချိန်ထိ အတူရှိနေမှာ မဟုတ်ဘူး
အဲ့အခါ ဇာတ်လမ်းဆိုတာ ဘယ်ဖြစ်လာတော့မှာလဲ ဟုတ်တယ်မလား
အပျော်ကနေ အတည်ဖြစ်သွားတဲ့အခါ ဘယ်လိုပြဿ နာတွေနဲ့ကြုံရမလဲ သူက ဘယ်လိုလူစားမျိုးလဲ ဒါတွေကို နောက်ကျရင် ရေးပေးပါမယ်နော် အခုတော့ bye bye....
YOU ARE READING
စနိုက်ကြော်တာ မဟုတ်ရပါ(Complete)
Short Storyဖြစ်ရပ်မှန်ပေါ် အခြေခံ၍ ကွန့်မြူး ရေးသားထားပါတယ် ၁၈+နဲနဲ ပါတယ်နော် ကြိုပြောထားတာ