"ဘီ" အနောက်မှ လာသော အသံတစ်ခုကြောင့် ကျွန်မ လှည့်ကြည့်လိုက်မိသည်။
"ဦးမျိုး တောင်းပန်ပါတယ် ဟိုနေ့က ဖြစ်ခဲ့တဲ့ ကိစ္စတွေအတွက် အခု ဦးမျိုးရဲ့အမျိုးသမီးနဲ့ ပြန်အဆင်ပြေနေပါပြီ သူ့မှာ ကိုယ်ဝန် ၂ပတ်တောင်ရှိနေပြီ ဦးမျိုးကို ခွင့်လွှတ်ပေးပါနော်"
သူ ဘာလို့ အဲ့လိုပြောနေတာလဲဆိုတာ ကျွန်မ သိပါတယ်
"ရပါတယ် ဘာမှမဖြစ်ပါဘူး အမျိုးသမီးမှာ ရင်သွေးလေး ရှိနေပြီဆိုတော့ congratulation ပါ "
"ကျေးဇူးတင်ပါတယ် ဘီရယ် အခု ပြန်တော့မှာပေါ့"
"အင်း သွားတော့မယ်နော်" အဲ့နေ့ကတည်းက စပြီး သူနဲ့ ဇာတ်လမ်းက လုံးဝကို ပြတ်သွားခဲ့ပါပြီ
ဒီနေ့ ဒီအချိန်ထိ သူလည်း ကျွန်မကို မဆက်သွယ်ခဲ့သလို ကျွန်မလည်း သူ့ကို အတွေးထဲမှာတောင် မရှိတော့ပါဘူး
"ကိုကို ဒီနေ့ ဦးမျိုး ဘေဘီ့ကို သူ့ကို ခွင့်လွှတ်ပေးဖို့ လာတောင်းပန်သွားတယ် " "အင်း"
"ချစ်တယ် ကိုကို "
" ကိုကိုလည်း ဘေဘီ့ကိုချစ်ပါတယ် "ဖုန်းလာနေတယ် မသိတဲ့ သူစိမ်းနံပါတ်ကြီးပါ
" ဟယ်လို "
"ညီမလေးက ဘီ လားဟင် ညီမလေးကတော့ အမကို သိမှာမဟုတ်ပါဘူး အမက ကိုAc ရဲ့ ချစ်သူပါ ""ရှင်"
"ဟုတ်တယ် ညီမလေး သူ ညီမလးကို မပြောပြဘူးလား သူ့မှာ ချစ်သူရှိတယ်ဆိုတာ အမတို့က မိဘချင်းကလည်း သိကြတယ် ပတ်ဝန်းကျင်က မိတ်ဆွေတွေကလဲ သိကြတယ်"မိုးကြိုးပစ်ချလိုက်သလိုပဲ
" ညီမလေးက သူ့ကို တကယ်ချစ်တာလား အမမေးတာ အမှန်အတိုင်းဖြေပါ"
ကျွန်မ ဘယ်လိုစိတ်မျိုးနဲ့ အမှန်အတိုင်း ဖြေရဲမှာလဲ " မဟုတ်ပါဘူး ညီမတို့က ရိုးရိုး သာမန် မိတ်ဆွေတွေက fb မှာတွေ့ပြီး အပြင်မှာ တစ်ခါလောက်ပဲ တွေ့ဖူးကြတာ"
YOU ARE READING
စနိုက်ကြော်တာ မဟုတ်ရပါ(Complete)
Historia Cortaဖြစ်ရပ်မှန်ပေါ် အခြေခံ၍ ကွန့်မြူး ရေးသားထားပါတယ် ၁၈+နဲနဲ ပါတယ်နော် ကြိုပြောထားတာ