ဒီလိုနဲ့ ကျွန်မတို့တွေ တစ်လတစ်ခါ အချစ်မိုးတွေ ရွာသွန်းခဲ့ကြတယ်
"ဘေဘီ အခု ဘယ်ရောက်နေတာလဲ " "အခုလား" " မလိမ်နဲ့နော် ရင်ပြင်ရောက်နေတာမလား" "အင်း"
" ဘာသွားလုပ်တာလဲ" " ဒီလိုပဲပျင်းလို့ ရောက်သွားတာ"
"ဦးမျိုးနဲ့တွေ့ဖို့ သွားတာ မဟုတ်ဘူးလား" ကျွန်မ စကားတွေ ဆွံ့အခဲ့တယ် ဘယ်သောအခါမှ ကိုကို့ကို ကျွန်မ မလိမ်ဖူးဘူး ပွင့်ပွင့်လင်းလင်းပဲပြောတယ် ကျွန်မလိမ်လဲ မကြာဘူး အလိမ်ပေါ်သွားတယ် ကြာကြာမလိမ်တတ်တဲ့ကျွန်မ"ကိုကို ဘေဘီ ခေါက်ထီးလေး မလုံ့တလုံ သွားကြည့်ချင်တယ် " " အင်း ဘယ်သူနဲ့သွားကြည့်မှာလဲ" "တစ်ယောက်တည်းသွားမှာ"
နောက်တစ်နေ့-
"ဘေဘီ အဲ့ငမျိုးဆိုတဲ့အကောင်နဲ့သွားကြည့်တာ မလား ကိုကို သိတယ် ကိုကိုသိတယ် သူနဲ့ ဖြစ်ခဲ့သေးလား ရုပ်ရှင်ရုံထဲမှာ" " အင်း "
" ဟာကွာ ဘေဘီ မင်း" " ဖြစ်တယ်ဆိုတာ ဟိုလိုမဟုတ်ပါဘူး ဘေဘီရင်သားကိုကိုင်တယ် သူ့ဟာကို ကိုင်ခိုင်းတယ် ဒီလောက်ပါပဲ"
"ဘာ! ဒီလောက်ပါပဲ ဟုတ်လား" " သူက တည်းခိုးခန်းသွားရအောင်လို့ မပြောဘူးလား" " မသွားဖြစ်ခဲ့ပါဘူး"
"မဟုတ်ဘူး ဘေဘီတို့ သွားခဲ့ကြတယ် ဘာတွေ ဘယ်လောက်တောင် ဖြစ်ခဲ့ကြလဲ ပြော" "၀င်တယ်ဆိုရုံပါပဲ ဟိုလိုမျိုး မဟုတ်ဘူး သူ့လက်ပြင်အကြောငုပ်သွားလို့ ဘာမှမလုပ်ခဲ့ကြဘူး"" ဘေဘီ အဲ့လိုလုပ်နေတုန်း အခုဘေဘီနဲ့ စကားပြောနေတဲ့ ကိုကိုဆိုတဲ့လူရဲ့ အခွက်ကို မမြင်ယောင်မိဖူးလား" "ဘေဘီလည်း စိတ်မပါပါဘူး " "စိတ်မပါဘဲနဲ့ ဘာလို့လိုက်သွားတာလဲ ကိုကိုသိပါတယ် ဘေဘီက သနားတတ်တယ် သူက အတင်းတောင်းဆိုတော့ ဘေဘီကလဲ သူ့ကိုချစ်နေတော့ ဘေဘီ သူခေါ်တဲ့ တည်းခိုခန်းကို လိုက်သွားတာပေါ့ ရပါတယ် ဘေဘီက သူနဲ့တောင်ဖြစ်ပြီးသွားပြီဆိုတော့ ကိုကိုဆိုတာ မလိုအပ်တော့ပါဘူး နှုတ်ဆက်ခဲ့တယ် ဘေဘီ" သူ ကျွန်မကို block သွားခဲ့တယ်
YOU ARE READING
စနိုက်ကြော်တာ မဟုတ်ရပါ(Complete)
Truyện Ngắnဖြစ်ရပ်မှန်ပေါ် အခြေခံ၍ ကွန့်မြူး ရေးသားထားပါတယ် ၁၈+နဲနဲ ပါတယ်နော် ကြိုပြောထားတာ