Chapter 4

209 33 2
                                    

          Krist တို့အဖွဲ့အတန်းချိန်ပြီးတာနဲ့ အိမ်မပြန်ခင် canteen ဘက်ကိုထွက်လာကြတယ်။နေရာလွတ်မှာထိုင်ပြီး Bright က စားစရာတွေသွားမှာနေတဲ့အချိန်မှာ Knott ကစကားစလာတယ်

"Krist ခုဝင်တာတဲ့အဖွဲ့တွေ့လား အဲသုံယောက်ထဲက တယောက်က တကယ့်ငပွေးသိလား
ငါ့အသိ ဆရာဝန်ကောင်လေးတယောက်ကိုအပျော်တွဲသွားတာ အဲကောင်လေးက အိပ်ဆေးတွေသောက်ပြစ်လို့ ဆေးရုံမှာတင်ထားရတယ်ပြောတယ်
ရည်းစားကလည်း ထည်လဲ ယောက်ကျာင်္းမိန်းမမရှောင်ဘူး "

    Knott ကဝင်လာတဲ့သုံးယောက်ကိုပြပြီးပြောတာမို့ ကျနော်လည်းကြည့်လိုက်မိသည်။ ဝင်လာသည်က သုံးယောက် အကုန်ရယ်မောနေုကြသည်။ ထိုအထဲကမှာ အလည်က သွားဖြူဖြူလေးနဲ့ ညို့အားပြင်းမျက်လုံးတွေနဲ့ တယောက်အပေါ်ကအကြည့်တွေကို ကျနော်တန်းမလွဲနိုင်တာ ထူးဆန်းနေသည်။ပြီးတော့မှ Knott ပြောတဲ့အကြောင်းအရာတွေခေါင်းထဲပြန်ဝင်လာပြီး နှခေါင်းရူံးမိသည်။ အဲလိုလူတွေနဲ့ မပတ်သတ်ချင် အသေရွံသည်။ အကြည့်တို့လွဲလိုက်သည်။ Bright လည်းပြန်ရောက်လာပြီမို့ စားစရာများကိုသာအာရုံစိုက်ကြတော့သည်။

    " ဟေ့ယောင် Sing ဘာကြည့်နေတာလဲ ဘာစားမလဲငါမေးနေတာလေ"
     " အော်   အဆင်ပြေတာပဲမှာခဲ့ကွာ "


     Aim ပြောမှတွေးလက်စကိုတွေးမိသည်။Sing ဆိုင်ထဲဝင်လာထဲက ဆိုင်ထဲက လူတော်တော်များများသူတို့က ကြည့်နေတာ သူမြင်ပါသည်။အဲဒါမထူးဆန်းပါ သူကအမြဲအကြည့်ခံလူတန်းစားမလား။ ထူးဆန်းနေတာက ကောင်လေးနှစ်ယောက် သူ့ကိုကြည့်ကာ တီးတိုးပြောနေကြသည်။အဲဒါလည်း အထူးကြီးမဟုတ်သေး။ ထူးခြားသည်က ဂျင်းပြာလေးနဲ့ မျက်လုံးဝိုင်းဝိုင်း နက်နက်လေးနဲ့ သူ့အားကြည့်နေသော အသားဖြူဖြူကောင်လေးက သူအားအချိန်တော်ကြာကြည့်ပြီးမှ မျက်နှာမဲ့ကာ နှာခေါင်းရွံ့လိုက်တာ သူသေချာမြင်လိုက်သည်။ ဘာကြောင့်လဲ ဘာလို့လဲ ။

" Knott ငါစားပြီးပြီ အိပ်ပြန်နှင့်ပြီနော် Bright ကိုစောင့်ပြီးမှလိုက်ခဲ့ "
" ဟာ နေပါဦး krist krist krist........"

မျဉ်းပြိုင်နှစ်စင်း၏ ဆုံမှတ်Where stories live. Discover now