Chapter 8

239 28 3
                                    

     ဒီနေ့နဲ့ဆို Krist အိမ်ကပြန်လာပြီး တပတ်ပြည့်ပြီ။ Krist အိမ်ကပြန်လာပြီး တပတ်တိတိ Krist ကျောင်းအလာကို Parking ကစောင့်ပြီးအတူသွားတာမျိုး Brake ချိန်တွေမှာ တခုခုစားဖို့သွားပေးတာမျိုး နေ့လည်စာ အတူလိုက်စားတာမျိုး ကျောင်းဆင်းရင် ငါးမိနစ်လောက်စကားပြောတာမျိုး တပတ်တိတိ Sing ကြိုးစားသည်။ အစကတော့ သတိပေးမျက်စောင်းတွေတမျိုး
" အကိုအဲလိုလိုက်လုပ်နေမယ်ဆို ဦးကိုတိုင်ပြောမယ် "

" ကျနော်နောက်ရက် ကျောင်းမလာပဲနေလိုက်ကမလား "     နည်းလမ်းအမျိုးနဲ့ ချစ်စရာကောင်းအောင်ခြိမ်းခြောက်တက်သေးသည်။

" Krist ဘာကိုရှာနေတာလဲ  မင်းနဲ့ P Singto က တွဲနေကြပြီမလား "

" Knott မင်း အစားမစားချင်တော့ဘူးလား ငါထပြန်မှာနော် "

" မင်းကလည်း ငါတို့တခန်းလုံးသိနေတာပဲကို အခြားလူတွေလည်းအဲလိုပဲမြင်တာပဲ "

" ငါပြောပြီးပြီလေ သူ့ဘာသာ တဖက်သတ်လိုက်နေတာပါလို့ သူကရူပ်တယ်ဟ ငါပြန်မချစ်ရဲဘူး "

" နေဦး နေဦး ပြန်မချစ်ရဲဘူးဆိုတော့ ချစ်နေတယ်ဆိုတဲ့သဘောလား "

" ဟာ Aim မင်း "

" မင်း မလုပ်နဲ့ ကိုယ့်ကိုကိုယ်မညာနဲ့ Krist လူဆိုတာပြောင်းလဲတက်ပါတယ်ကွာ သူလည်းမင်းနဲ့တွေ့ပြီးထဲကဘာသံကြားရလို့လဲ တခါတလေ မင်းကဒေါသတကြီး သူပေးတဲ့ အအေးတွေမုန့်တွေနဲ့ သူကိုပြန်ပြစ်ပေါက်တာတောင် အပြုံးမပျက်ဘူး သူ့ပုံကြည့်ရတာ မင်းကိုကစားနေတာမဟုတ်ပါဘူးကွာ "

" ဒါပေမယ့်ကွာ ငါကြောက်တယ် "

" Aim ကဘာပြောလို့ ကြောက်နေတာလဲ Krist "

"  ဟာ Bright နောက်ကျလိုက်တာကွာမင်းကလည်း ငါနဲ့ Krist တောင်စားပြီးပြီ ဘာတွေလုပ်နေလဲ "

" ဘာလုပ်လဲက နောက်မှပြောမယ် ငါ Toilet ထဲကဘာကြားလာတယ်ထင်လဲ "

" ဘာကြားလို့လဲမင်းက ဘာလဲ ကံစမ်းမဲဖေါက်ပေးမယ့်ကိစ္စလည်း Facebook မှာ Share ပေးတို့ ဘာတို့လား "

" မနောက်နဲ့ Knott ငါကြားတာဂKrist အကြောင်း "

" ငါ့အကြောင်း "

မျဉ်းပြိုင်နှစ်စင်း၏ ဆုံမှတ်Where stories live. Discover now