Chapter 9 ( A )

188 35 1
                                    


      အလုပ်ကိစ္စခရီးထွက်ရသည်မို့ ကြားထဲအဆက်ပြတ်သွားတာတောင်းပန်ပါတယ်။ ခရီးသွားရင်းကားပေါရေးရပေမယ့် အရမ်းပင်ပန်းလို့ mood မပါတာရယ် ဖြစ်သလိုပြီးပြီးရောမရေးချင်တာရယိကြောင့်ပါ။ Chapter 9 ကို Part 1 and 2 ခွဲတင်ပေးမယ်နော် Part 2 ကိုဒီညနဲ့ မနက်ဖြန် တခုခုတင်ပေးပါမယ် ။ အလုပ်မှာ Brake နားချိန် အမှီတင်ပေးသည်မို့ပါ ။ နားလည်ပေးကြပါသူငယ်ချင်းအပေါင်းတို့😧😧😧

***************************************

         Sing အတွက်ဒီမနက်မြင်မြင်သမျှကအရမ်းကိုလှအသာယာနေသည်။ ရည်းစားတွေအပျော်သဘောနဲ့ထည်လဲတွဲဖူးတာကြောင့် ရည်းစားဖြစ်တဲ့ပထမနေ့ပေါင်းများစွာ ကျော်ဖြတ်ဖူးပေမယ့် ဒီနေ့လောက် မလှပခဲ့ပေ။ အချိန်တချက်ကြည့်လိုက်တော့ 8:00 ခုထိကျောင်းသွားရန်ပြင်ဆင်၍မပြီးသေး
အိပ်ရာပေါ်တွင်လည်း ဗီဒိုနှစ်လုံးထဲက အဝတ်တွေပျံ့ကျဲနေသည်။ ခုထိ ဘာဝတ်ရမယ် မသိသေး ။
နောက်တော့ ရိုးရိုး jean ဘောင်းဘီပြာလေးကို Tshirt အဖြူလေးကိုပဲရွှေးလိုက်ပြီး ဖိနပ် အဖြူလေးစီးလိုက်သည်။နောက်တော့ကားပေါ်တက်ခါကျောင်းကိုသာအမြန်မောင်းလိုက်သည်။ Krist အိမ်ကိုသွားခေါချင်သော်လည်း

" ဟာ ကျောင်းကျတွေ့ရမှာပဲကို လူကြီးတွေကိုမသိစေချင်သေးဘူး အစစအရာအရာ ပြင်ဆင်ဖို့လိုသေးတယ်လေ မလာနဲ့နော်လုံးဝ "

ဆိုတဲ့ တချက်လွှတ်အမိန့်ကရှိသေးသည်လေ။

Krist Prov

" ဗျာ "

" လိုင်စင်လေးတချက်ပြပါ "

"ဟုတ် ဟုတ်ကဲ့ "

        တမနက်လုံး ရှိန်ရှိန် ရှိန်ရှိန်နဲ့ ဘာဖြစ်မှန်းမသိ
အိမ်မှာလဲအယောင်ယောင်အမှားမှား ထမင်းစားဝိုင်းမှာလည်းထို့အတိုင်းပင် Krist တို့က မနက်စာကို ထမင်းနဲ့ဟင်းပဲစားနေကြမို့

" သား ကျောင်းမှာအဆင်ပြေလား ရည်းစားကောရနေပြီလား "

" ဟာ ဖေကြီးကလည်း မရသေးပါဘူး ဖေကြီးဟင်းထည့်လေ "

" ဟဲ့ ဟဲ့ Krist နင့်အဖေက အသားမစားဘူးလေ "

" အမ် ကန် ကန်တော့နော်အဖေ့ သားသွားတော့မယ်နောက်ကျနေပြီ မေကြီး Driver ကိုသားကားပေါ်ကစောင့်မယ်ပြောပေးနော် "

မျဉ်းပြိုင်နှစ်စင်း၏ ဆုံမှတ်Where stories live. Discover now