[Zawgyi]
Yifan ငိုလို့ဝတော့မှ အိမ်ပြန်ဖို့ပြင်ရတယ်။ သားကစိတ်ကောက်ကျန်ခဲ့တာမလား။ အပြန်သားအတွက်ကိတ်နဲ့လက်ဆောင်ဝယ်သွားပေးရမယ်။
"သားရေ hunငယ်လေး"
.အသံပြန်မထူးလို့ အိမ်ထဲလျှောက်ကြည့်တော့ မတွေ့။ သူ့အခန်းထဲမှာများလား???"
သားငယ်အခန်းရှေ့အရောက် တံခါးခေါက်ဖို့ပြင်ပြီးမှ တံခါးကစေ့ထားတာမို့ သားကိုအသံမပေးဘဲ အထဲဝင်လိုက်တယ်။သားကသူဝင်လာတာတောင်မသိ သေချာကြည့်တော့မှပန်းချီ ဆွဲနေတယ်ထင်တယ်
ဟင် မေ့ပုံပါ့လား?
Sehun ပန်းချီဆွဲနေတုန်း လူရိပ်ထင်လို့လှည့်အကြည့်
"ပါး ပါးဘယ်တုန်းကပြန်ရောက်နေတာလဲ ရောက်တာကြာပြီလား"
"အင်း hunငယ်မားကိုသတိရနေတာလား"
"ဟုတ် ခုချိန်မားလည်းအသက်ရှင်နေရင်ကောင်းမှာနော်"
သူ့အမေကိုသူလည်း သတိရနေရှာမှာဘဲ။ မေးလိုက်တာနဲ့ မျက်နှာလေးညိုးကျသွားတဲ့သားငယ်။
"သားငယ်ရဲ့နှလုံးသားထဲမှာ သားရဲ့မားကအမြဲရှိနေတာသား
ဘားမှဝမ်းနည်းမနေနဲ့ဟုတ်ပြီလား။ ဒါနဲ့ ခွေးလေးက ဘယ်သူ့ခွေးလဲသား""အာ မသိပါဘူးပါးရာ ။ သားကိုလူတယောက်ကပေးခိုင်းလို့ ဆိုပြီး လာပေးသွားတာပါး။ မွေးနေ့လက်ဆောင်တဲ့။"
"ဟေ ငါ့သားစွံလှချေလား။ ဘယ်ကကောင်မလေးပါလိမ့်"
"ကောင်မလေးမဟုတ်ဘူး။ စောနပစ္စည်းလက်ခံရပြီး ဖုန်းနံပါတ်စိမ်းဝင်လာတာပါး ယောကျာင်္းသံကြီး။ဟင့်"
"ထားပါသားရယ် အရေးမကြီးပါဘူး။ လာကိတ်ခွဲစားရအောင်
သားအတွက်ပါးပြင်ပေးထားတယ်""ဟုတ် ပါး"
Sehunသိတာပေါ့ ပါးကလည်းမားကိုသတိရနေမှန်း။
မားဘယ်လိုသေလဲသိချင်မိတယ်။သူလုံးဝမမှတ်မိဘူး။
မားမျက်နှာတောင်မမှတ်မိတော့ဘူး။ဓာတ်ပုံလေးကြည့်မှသာ
ရေးတေးတေးမြင်လာတာ။ပါးတို့ကိုမေးချင်ပေမဲ့ မမေးရက်ဘူး။ကိုယ့်ကိုစုံစမ်းကြည့်ရမယ် မားဘယ်လိုသေလဲဆိုတာ။