[ Zawgyi ]
Sehun yeolအိမ်ကပြန်ရောက်ပြီးထဲက အိပ်ယာထဲဝင်ခွေနေတာ
လူကနှုန်းနေသလိုဘဲ
ကိုယ်ပူကျဆေးရှာသောက်ပြီး ပန်းချီခန်းဆီသို့....ပန်းချီခန်းမှာဆွဲထားတဲ့မားပုံကပီးခါနီးပြီ
"မား သားမားကို လျှို့ဝှက်ချက်တခုပြောပြမယ်
ဟီး သားမှာချစ်ရတဲ့လူရှိနေပြီ...
သူနာမည်ကpark chanyeolတဲ့
သားကတော့yeolလို့ခေါ်တယ်
သူကအရမ်းခန့်အရမ်းချောဘဲ
မားလည်းသူ့ကိုချစ်မှာသေချာတယ်............"မားကိုအကုန်ပြောပြပီး ရင်ဖွင့်နေမိတယ်......
မားသာအသက်ရှင်နေသေးရင် အရမ်းကောင်းမှာဘဲ.....ခုဆိုဘာလိုလိုနဲ့တလပြည့်တော့မယ်
ပါးကတရုတ်မသွားသေးလို့ မေးနေပြီ
အကြောင်းမျိုးစုံပြပြီး ငြင်းနေရတယ်.....ပြီးတော့yeolက ဟိုကိစ္စဖြစ်ပြီး တပတ်လောက်ထိဂရုစိုက်သေးတယ်။
အခုနောက်ပိုင်းဖုန်းခေါ်ရင်လည်း အလုပ်ကိစ္စအကြောင်းပြုပီးတန်းချတယ်.......
နည်းနည်းရစ်မိပြီဆိုတာနဲ့ စိတ်မရှည်သလို လေသံမာမာနဲ့ပြောတယ်.....ဒီနေ့ရုံးပိတ်ရက်ဆိုတော့ ကော်ဖီဆိုင်မှာတွေ့ဖို့ချိန်းထားတာ အရင်ဆိုအချိန်တိကျတဲ့လူက အခုနာရီဝက်ကျော်နေပြီ ပေါ်မလာသေးဘူး..........
တံခါးဘက်ကိုကြည့်တော့ yeolဝင်လာတာမြင်ရတယ်။
မတွေ့ရတဲ့ရက်ပိုင်းအတွင်း Yeolမျက်နှာချောင်ကျသွားလိုက်တာ"ရောက်တာကြာပီလား ကိုယ်မီးပွိုင့်မိနေလို့"
"အင်း နာရီဝက်ကျော်နေပြီ "
"ကိုယ့်ကိုခေါ်တာဘာကိစ္စရှိလို့လဲ"
"Yeolကလည်း ကိစ္စရှိမှခေါ်ရမှာလား
ဒီတိုင်းဘဲတွေ့ချင်လို့ခေါ်တာခေါ်လို့မရဘူးလား""ကိုယ်မှမအားတာကွာ"
"အလုပ် အလုပ်ဘဲအကြောင်းပြနေတာ
ခင်ဗျားအသစ်တွေ့နေလို့မလား ကျတော်နဲ့မတွဲချင်တော့ဘူးမလား""မင်းမရစ်နဲ့ ငါမအားလို့လို့ပြောနေတယ်လေ"
"ခင်ဗျားအော်တယ်ဟုတ်လား
ဟက် ခင်ဗျားလိုချင်တာရသွားတော့ ပစ်ချင်နေပြီပေါ့"