Ch 2

195 12 4
                                    


Tee pov
****************
ဒီနေ့ sunday ကလေးတွေ လဲကျောင်း ပိတ်တယ်။ကလေးတွေ ကိုဖွယ်ဖွယ်ရာရာလေး စားစေချင်လို့စောစောဈေးသွား မီးဖိုချောင်ထဲ အလုပ်ရှုပ်နေတုန်း ခော်သံကြားလို့ကြည့်လိုက်တော့ Ai Kru တစ်ယောက်ဘာလာလုပ်တာပါလိမ့်။

Kru - "မင်း ခုထိ မပြင်ဆင်ရသေးဘူးလား"သူပြောလိုက်တော့ ကျတော် လဲ ကြောင်တောင်တောင်နဲ့

Tee - " အမ် Ai Kru ဘာလို့လဲ "

Kru - "Ai Tee ဘာ...ဘာကိစ္စ လဲ လဲ မင်းကိုကြိုပြောထားတယ်လေ. ဟိုနေ့က ....ငါနဲ့လိုက်ခဲ့ဖို့ကို "

အာ...ကျတော်မေ့နေတာဘဲ ကလေးတွေကိုဂရုစိုက်နေတာနဲ့ဘဲ ပြောထားပြီးသားကိုယ်မေ့နေတာဆိုတော့ အတတ်နိုင်ဆုံးရှိသမျှသွား အကုန်ဖြီးထားပြီးတော့

Tee - " ဟီး.. ငါ့မေ့နေတာ တကယ်ကွာ sorry ကွာ ကလေးတွေစားဖို့ချက်နေတာနဲ့ မေ့သွားတာ  ခဏလေးဘဲ စောင့်နော် ပြီးတော့ မယ်  မြန်မြန်ပြင်လိုက်မယ်နော်.. နော်"

Kru - "အင်း...ပြီးရော မြန်မြန်လုပ် "
------------------------------

Kru pov
********
ကျတော် ကလား Ai Tee နဲ့ ငယ်ငယ်ထဲကပေါင်းလာတဲ့ သူငယ်ချင်းလေ ။ သူ့မိသားစု အခြေအနေကိုလဲသိတယ် ။ အာ့ကြောင့် လိုအပ်ချက်လေးတွေကို ပေးလိုက်ကမ်းလိုက်လုပ်တယ်လေ။ အဲ့ဒါ ကြောင့်မို့တခာတလေ ကိုယ် ခိုင်းသမျှကို မညည်းညူ နဲ့  သူမလုပ်ပေးချင်လဲလုပ်ပေးရတာမျိုးရှိတယ်။  ကိုယ်ပေးထားတာတွေကို ယူထားတာဆိုတော့ မရဘူးလေ ဟဲဟဲ။ ဒါက လဲ ကိုယ့်အတွက်တော အဆင်ပြေတာဘဲလေ အပြန်အလှန်ပေါ့။
သူ့ခမျာ သနားစရာ တော့ကောင်းတယ် ဟိုဆိုးတဲ့ သူ့ညီ Ai Cop ရယ် ကလေး၂ ယောက်ရယ်ဆိုတော့ သူလဲ လုံးလည်ချာလည်ရိုက်နေတာဘဲ အဆင်မပြေဘူးလေ ။ တွေးနေရင်းနဲ့ဘဲ Ai Tee က ပြင်ဆင်ပြီးလို့ထွက်လာတယ် ။
Kru - " မင်း ပြီးပြီလား " ဆိုတော့

Tee - "အင်း.."

Kru - "အာ့ဆို သွားရအောင် နောက်ကျနေလိမ့်မယ် "
သွားမယ်လို့ ပြောဆိုနေတဲ့အချိန်ဘဲ အငယ်ကောင် ရောက်လာလို့

Tee - "Ai Cop ရောက်လာပြီလား.. အာ့ဆိုငါ Ai Kru နဲ့အပြင်ခဏသွား လိုက်ဦးမယ် အနောက်မှာ ထမင်းဟင်းတွေ ချက်ခဲ့တယ်နော် ကလေးတွေကိုသေချာကျွေးလိုက်ဦး အခု ဟိုဘက်ခြံနားမှာဆော့နေကြတယ် "

What is love?Where stories live. Discover now