Tee pov
************
ကျတော် ကားဆီကနေ ပစ္စည်းယူပြီးသွားလို့ ကိုယ် ကို လှည့်လိုက်ရော Ai Kruလာနေတာ တွေ့တော့ ရပ်နေပြီး သူအလာကိုစောင့်နေလိုက်တယ်။Tee - "Ai Kru မင်းတို့ကပြောတာပြီးသွားပြီလား "
လို့မေးတော့Kru - "အင်း ပြီးပြီ လက်ခံလိုက်တယ်"
Ai kru အဖြေကြားတော့ ကျတော်တောင်အံြ့သသွားတယ်Tee - "အမ်... အဲ့လောက်တောင် မြန်တယ်ပေါ့ တဘဝလုံးစာအတွက်ကိုလေ မင်းဘယ်လိုများ ဆုံးဖြတ်လိုက်တာလဲ Ai Kru ..ပြီးတော့ မင်း boyfriend ရှိသေးတယ်လေ သူ့ကိုရောဘယ်လိုလုပ်မှာလဲ.. "
Kru - "သူ့ကိုတော့ နားဝင်အောင်သေချာရှင်းပြရမှာဘဲ " ...အင်း..သူတို့ချင်း အဆင်ပြေပြီးတာဘဲလေ
Kru - " တတ်.. သွားရအောင်" ဆိုတော့ ကျတော်လဲ တတ်လိုက်လာလိုက်တယ်။ အိမ်အပြန်လမ်းတလျှောက် ကိုယ့်အတွေးကိုယ်စီနဲ့ငြိမ်သက်နေရင်းကနေ Ai Kru က
Kru - "အော်..ဒါနဲ့လေ Ai Tee မင်္ဂလာဆောင်က Bangkook မှာလုပ်မှာသိလား မင်းပါလိုက်ခဲ့ရမယ်။ " သူ့စကားလဲ ကြားရော ကျတော့မှာအလန့်တကြားနဲ့ ပြန်ပြောမိတယ်
Tee - "အာ..ဘာလို့လဲ "
Kru - "ဘာလို့လဲ မလုပ်နဲ့လေ မင်းကလဲ ရှိတာမှ ဒီသူငယ်ချင်းလေး ၂ယောက်တည်းကို မင်းမလိုက်ရင် ငါဟိုမှာ တယောက်တည်းဖြစ်နေမှာပေါ့ကွ ပြီးတော့ ငါ့ဘက်ကလူ တယောက်မှမပါဘဲဖြစ်နေပြီးမျက်နှာငယ်နေမှာပေါ့.... နော်... လိုက်ခဲ့ပါနော် "သူ့စကားလဲ ကြားရော
အခုကျတော် ကျင်းထဲကြပ်ထဲရောက်နေပြီ ဘယ်လုပ်ရပါ့မလဲ အင်း..
Tee - "အာ..နေပါဦး ငါလိုက်တယ်ဆိုရင် ကြိုသွားမယ့် ရက်ရယ်..ပွဲနေ့ရယ် ပြီးမှပြန်မယ် အလွန်လုံး ၃ရက်လောက်တော့ကြာမှာ အိမ်မှာ ကလေးတွေကြီးဘဲ ကျန်ခဲ့မှာ အဆင်ပြေပါ့မလားမသိဘူးကွ အိမ်က အငယ်ကောင်နဲ့ တိုင်ပင်ရဦးမယ်"
Kru -"အေးအေး... မင်းကတော့ လုံးဝမလိုက်လို့မရဘူးနော် ဒါဘဲ နောက်မှတွေ့မယ် " လို့ပြောတော့ ဘေးဘီကြည့် မိတော့ အိမ်တောင် ရောက်နေပြီ ကျတော်လဲ နှုတ်ဆက်ပြီး သာ ဆင်းလာလိုက်တယ် ။
အငယ်ကောင်ကို ဘယ်လိုပြောရမှာပါလိမ့် ။ စိတ်ညစ်လိုက်တာ ပြောတာတော့ပြောရမှာဘဲလေ လိုက်ကိုလိုက်ရမယ့် ကိန်းဆိုက်နေတာကို လို့ တွေးရင်း သက်ပြင်းပါ ချမိတယ်။
------------------------------
Tae pov
********
ဒီနေ့ ချင်းမိုင်ကနေ နေ့လည်လောက်မယ်ဆိုလို့
ကားလမ်းတွေပိတ်မှာဆိုးတာနဲ့ ၁နာရီ သာသာလောက် စောထွက်လာခဲ့လိုက်တယ်။ ကျတော် အိမ်ကနေ ထွက်လာပြီးသိပ်မကြာပါဘူး လေဆိပ်ဘက်သွားတဲ့လမ်းပေါ် ရောက်တော့ ရှေ့ တည့်တည့်ကနေ ကားတစ်စီးက အတင်းထိုးဝင်လာလို့ အမြန် ကားကိုလမ်းဘေးဆွဲ ချလိုက်ရတယ်။

YOU ARE READING
What is love?
FanfictionTaeTee Short Story #အချစ်အကြောင်း နားမလည်မလို စိတ်လည်းမဝင်စားကြတဲ့သူနှစ်ယောက် #တစ်ယောက်က သူငယ်ချင်းကိုကူညီရင်း ဘဝက ဘယ်လိုဖြစ်မယ် #မာနကြီးလွန်းတဲ့ သူကရော သူတပါးကိုဘယ်လိုနားလည်တတ်လာမယ် သိချင်ရင်တော့ ?????? 😄😄😄😄