Tae pov
**************
ကုမ္ပဏီသွားတော့မယ်ဆိုပြီး အောက်ထပ်ဆင်းလာလိုက်ပြီး အရှေ့ဧည့်ခန်းမှာ Phop နဲ့Mae ထိုင်နေတာတွေ့တယ်။ ကျတော်ဆင်းလာတာတွေ့တော့ Maeက ထလာတယ်။
"Mae သားသွားတော့မယ် " လို့ပြောတော့
အရင်ဆို အော်အေးအေး ဂရုစိုက်သွားနော် ဆိုပြီးဘာမှသိပ်မေးလေ့မေးထမရှိတဲ့ Mae က
"သား သွားတော့မှာလား" တဲ့ အမယ်ထူးထူးဆန်းဆန်း ပါလားလို့တောင် အောက်မေ့မိတယ်။Tae - "ဟုတ်သွားတော့မယ် Mae"
Tae's Mae - "သား အစောကြီးဘဲ ရှိသေးတယ် ကုမ္ပဏီမှာ ကိစ္စ ရှိလို့လား "Tae - "မရှိပါဘူး Mae ဒီတိုင်းဘဲ "
Mae ကြည့်ရတာ တခုခုပြောချင်နေပုံဘဲ
သားအမိနှစ်ယောက်စကားပြောနေတာကို တချိန်လုံးဘာမှဝင်မပြောဘဲ ထိုင်နေတဲ့ Phop ကTae's Phop - "မရှိဘူးဆိုရင် သားခဏလာထိုင်ဦး "ဆိုပြီးပြောလာလို့
"ဟုတ် Phop " ဆိုပြီး Phop အနားသွားထိုင်တော့ Mae ရော ပြန်လာထိုင်ပြီး
Phopက စကားစလာတယ်။
Tae'Phop - "ပြောချင်တာကတော့ ဘာမှမဟုတ်ပါဘူး သားအရွယ်လဲ မငယ်တော့ဘူးဆိုတော့ ချစ်သူရည်းစားလေး ရည်ရွယ်ထားတဲ့သူလေးများရှိနေပြီလားလို့ မေးကြည့်တာဘာ"Tae's Phop - "အာ....Phop ကလဲ မရှိပါဘူး"လို့လဲပြောရော Mae က
Tae's Mae - " ငါ့ သားဥစ္စာပေါ ရုပ်ချော ပညာတတ်ကို... "
Mae ကဆက်မပြောဘဲ ပြုံးပြီး ဆက်ပြောလာတာက
"...အဲ..မာနကြီးတာလေးတော့ရှိတဲ့သူကို သဘောကျ တဲ့မိန်းကလေးတွေမရှိတာလား " လို့ပြောလာလို့
Tae - "မဟုတ်ပါဘူး Mae နဲ့ သားလို စီးပွားရေးမှာပါ အောင်မြင်နေတဲ့ လူကို သဘောကျနေတဲ့ လူတွေအများကြီးပါ Maeရဲ့ ဒါပေမယ့် သူ့တို့ပိုသဘောကျတာက နောက်က background ကိုလေ Mae ပြီးတော့ အချစ်ရေးကို စိတ်မဝင်စားလို့ပါ ကုမ္ပဏီ အလုပ်တွေနဲ့တောင်မအားဖြစ်နေတာကို Mae ရယ် အဲ့ဘက်ကို လှည့်မကြည့်အားပါဘူး "အဲ့လိုလဲ ပြောလိုက်ရော Mae က ပိုတောင်အဆင်ပြေသေးဆိုဘဲ ဘာများပါလိမ့် တွေးနေတုန်း Phop က
Tae's Phop - "သား အဲ့ ဆိုလဲ Phopတို့ သားနဲ့ သဘောတူထားပြီးသားရှိတယ်"
Mae ကလဲ
"ဟုတ်တယ်သား "
အဲ့လို သဘောတူထားတာတွေဘာတွေရှိတယ်လို့လဲ မကြားမိပါဘူးလို့
CZYTASZ
What is love?
FanfictionTaeTee Short Story #အချစ်အကြောင်း နားမလည်မလို စိတ်လည်းမဝင်စားကြတဲ့သူနှစ်ယောက် #တစ်ယောက်က သူငယ်ချင်းကိုကူညီရင်း ဘဝက ဘယ်လိုဖြစ်မယ် #မာနကြီးလွန်းတဲ့ သူကရော သူတပါးကိုဘယ်လိုနားလည်တတ်လာမယ် သိချင်ရင်တော့ ?????? 😄😄😄😄