ဆေးရုံ Canteenကနေ ကျောင်းကို ပြန်လာသည့် လမ်းတစ်လျှောက် Junရဲ့ အစ်ကို Yixingကို ဘယ်လိုသဘောကျသွားရတဲ့ အကြောင်းတွေကိုသာ နားထောင်လာရသည်။
'ကဲ .. တော်ပါတော့ Junရာ
မင်းနဲ့ ခုမှ စတွေ့လို့သာပဲ မဟုတ်ရင်တော့ကွာ'နားညီးလာတာကြောင့် Baekhyun တားမိလိုက်သည်။
'အေးပါကွာ .. ငါက ပြောရမယ့်သူက မင်းပဲ ရှိတာကို .. ထားပါဦး ..ဒါနဲ့ မင်းနဲ့ အစ်ကို Chanyeol နဲ့ကရော'
'ဘာကိုမေးတာလဲ'
'ဟာ..ဘယ်အဆင့်တွေ ရောက်ပြီလဲ မေးတာ'
ဘာကို ဆိုလိုချင်တာလဲ သေချာမပြောပဲ ဝေ့ပြောနေတဲ့ Junကြောင့် ကျွန်တော် နားရှုပ်သွားသည်။
'ဘာကို ဘယ်အဆင့်ရောက်ရမှာလဲကွာ .. ရှင်းရှင်းလင်းလင်း ပြောစမ်းပါ' ဆိုကာ တည့်မေးလိုက်သည်။
'အမလေး .. ပိန်းလိုက်တာ Baekhyunရယ် .. ငါမေးတာက ရည်းစားတွေ ဘာတွေ ဖြစ်တော့မှာလား မေးတာ'
ဩော် .. မေးလဲ မေးတတ်ပ။ ခုနကပဲ သူ့ရှေ့ ဖုန်းနံပါတ်လဲတာကို မြင်ရဲ့သားနဲ့ကို ရည်းစားတွေလားလို့ မေးနိုင်သေးတယ်
'မင်းအဘကို ရည်းစားဖြစ်ရမှာလား .. ခုနလေးမှ သူကျောင်းတက်နေတာရယ် ဖုန်းနံပါတ်ရယ် သိတာကို ရည်းစားဖြစ်မလားဟ .. '
စိတ်တိုတိုနဲ့ ဆဲမိလိုက်သေးသည်။
'အေးဟုတ်သားပဲ'
အဲ့တော့မှ JunMyeon တစ်ယောက် သွားဖြဲပြသည်။
'အို..ဘာပဲ ဖြစ်ဖြစ် မင်းတို့နှစ်ယောက်က အရင်သိထားတာပဲကို အဲ့တာက ငါ့ထက်သာတာပေါ့ဟ .. ငါဆို အစ်ကို Xingကို ခုမှတွေ့ရတာလေ'
'အရင်သိတော့ရော..ဘာများ ပြောင်းသွားလို့လဲ .. '
'Aww မင်းကလဲ ရင်းနှီးမှုတော့ ကွာတာပေါ့ဟ'
Junပြောတာလဲ ဟုတ်တာပဲ။ ခုန အစ်ကို Yeolနဲ့ ရုတ်တရက် တွေ့လိုက်ပေမယ့် သူများတွေလိုတော့ စိမ်းမနေ။ စကားလဲ ပြောပြီးသွားတော့ ပိုလို့တောင် ရင်းနှီးသွားသေးသည်လေ။
'မင်းလဲ အကို Chanyeolပေါ် ခံစားချက် ရှိနေမလား .. မှန်မှန်လိမ်စမ်း ဟေ့ကောင်'