'Baekhyun .. ဘာဖြစ်တာလဲ'
လှည့်ထွက်သွားတဲ့ အကို့ကို ငေးကြည့်နေတဲ့ သူ့ကို အကို Yixingက မေးလာသည်။
'ဘာမှ မဖြစ်ပါဘူးအကို'
အကိုYixingက ဘာမှ ထပ်မပြောတော့ပေမယ့် Junကတော့ သူ့ကို ဘာလဲ ဆိုတဲ့ သဘောနဲ့ မျက်ခုံးပင့် ပြလေသည်။ Baekhyun ခေါင်းခါပြလိုက်သည်။
'ကိုယ်လဲ သွားရတော့မယ် JunMyeon .. လက်ဆောင်အတွက် ကျေးဇူးတင်တယ်နော် .. ညကျ ဖုန်းဆက် လိုက်မယ် .. သွားပြီ Baekhyun'
ခနကြာတော့ အကိုYixingက သူနဲ့ Junကို နှုတ်ဆက်ကာ ထထွက်သွားလေသည်။
'ဟီး .. ဟီး .. ပျော်လိုက်တာ'
အကို Yixingကို ကြည့်နေရင်း Junက ပျော်မြူးစွာ ဆိုလာသည်။
'ပြောပါဦး ပျော်ရတဲ့ အကြောင်းလေး'
Baekhyun မေးလိုက်တော့ Junက သူ့နဲ့ လက်ညှိုးနဲ့ လက်မကို ဖိချေနေသည်။
'ဒီလို ပုံစံက မသိရင် ဘဲရသွားတာလိုလို .. ဘာလိုလို'
Baekhyun Junကို စလိုက်လေသည်။
'တကယ်ရသွားတာကွ'
Junက မတိုးမကျယ် ပြောလာလေသည်။
'တကယ် 🤥'
'ဒါပေါ့'
'ဘယ်တုန်းက ဖြစ်တာလဲ မြန်လိုက်တာ .. ငါတောင် မသိလိုက်ဘူး'
Baekhyunတကယ် speechlessပင် ဖြစ်သွားသည်။
'တကယ်က ငါက Xingကို အရင်ထဲက ချစ်တာ မင်းသိတယ်လေကွာ .. အဲ့တာ Singapore သွားတဲ့ အချိန်တုန်းက သူ့ကို ဘာလို့ မလိုက်တာလဲ ဆိုပြီး မေးလိုက်တာကွာ .. အဲတာနဲ့ သူက ဘာလို့လဲ ဘာညာ ပြောတာပေါ့ '
'အမယ် Xingတောင် ဖြစ်ကုန်ပြီလား .. ကဲ ဆက်ပြောပါဦး'
Baekhyun ဆက်နားထောင်လိုက်သည်။
'အဲ့မှာပဲ ငါက အမှန်အတိုင်း ဖွင့်ပြောလိုက်တာကွာ .. အဲ့တာနဲ့ Xingက အစကတော့ ဘာမှ မပြောပေမယ့် နောက်ပိုင်းကျ သူလဲ ငါ့ကို သဘောကျတယ်တဲ့ .. ငါနဲ့ စကားပြောရတာ ပျော်တယ်တဲ့ .. Canteenမှာ ငါနဲ့ မတွေ့ရတဲ့ အချိန်ဆို သတိရတယ်တဲ့ .. အဲ့တာနဲ့ အချင်းချင်း တစ်ယောက် သဘော တစ်ယောက် နားလည်ပြီး တွဲဖြစ်ကြတာပဲ'