အခုဆို အကိုနဲ့ တွဲနေတာ တစ်လပြည့်ပြီ ဖြစ်သည်။ ဒီနေ့ဟာ သူတို့ရဲ့ တစ်လပြည့်တဲ့နေ့ပင်။
'Baekhyun ညနေကျရင် ဆေးရုံကို ၀င်ခဲ့နော် .. '
နေ့လည်က အကိုက ဖုန်းဆက်ပြောလာသည်။ အကိုက မှတ်မိကြောင်း ဘာကြောင်း ဘာတစ်ခုမှ မစပေမယ့် Baekhyun သဘောတူလိုက်သည်။ အိမ်ကို ကျောင်းမှာ research လုပ်ရမှာ မလို့ နောက်ကျမည် ဖြစ်ကြောင်း ပြောထား လိုက်သည်။
'Baekhyun .. အကို Chanyeolက ဘာတဲ့လဲ'
Junက သူ့ကိုမေးလာသည်။
'ညနေတွေ့မယ်တဲ့ .. '
'အဲ့တော့ မှတ်မိတယ်ဆိုတဲ့ သဘောလား'
Jun အမေးကို Baekhyun ခေါင်းခါပြလိုက်သည်။
'ငါလဲ သေချာမသိဘူး .. ဒါပေမယ့် အကို မမှတ်မိလဲ ငါစိတ်မဆိုးဘူး'
Baekhyunစကားကို ကြားတော့ Junက နှာခေါင်းရှုံ့သည်။
'ငါအကိုနဲ့ ရှိနေရတာကို သဘောကျတာလေ .. အကိုငါ့အနားမှာ ရှိနေရင် ရပြီ .. ကျန်တာ မလိုပါဘူး'
Baekhyun အရိုးရှင်းဆုံး ပြောလိုက်သည်။
>>>>>>>>>>>>>>>>>>>>>>
ညနေကျောင်းဆင်းတော့ ၄နာရီ ထိုးနေပြီ ဖြစ်သည်။ ချိန်းထားတာက ၅နာရီမှ ဆိုတော့ Baekhyun ကြားထဲမှာ တစ်နာရီလောက် အချိန်ပိုနေသည်။
နောက်ဆုံးတော့ ကျောင်းရှေ့ ဆေးရုံနားက လက်ဆောင် ပစ္စည်းဆိုင်လေးကို ၀င်လိုက်သည်။
ပန်းနုရောင် အပြင်အဆင်လေးနဲ့ ဆိုင်က မိန်းကလေး ဧည့်သည်တွေ ဆွဲဆောင်နိုင်မှာ အသေချာ။ ဆိုင်ထဲ Baekhyun ၀င်သွားလိုက်တော့ ၀န်ထမ်းအမကြီး တစ်ယောက်က သူ့ကို ဆီးကြိုလေသည်။
'ဧည့်သည် ဘာများအလိုရှိလို့လဲရှင့်'
ဝန်ထမ်းအမက အပြုံးချိုချိုနဲ့ ကြိုဆိုတာကြောင့် Baekhyun ဆိုင်ထဲဝင်မိတာ ကောင်းတယ်လို့ သတ်မှတ်လိုက်သည်။
'လက်ဆောင်ပေးမယ်ဆို ဘယ်လို ပစ္စည်းတွေ ပေးရမလဲအမ'
Baekhyun မေးလိုက်တော့ အမကြီးက သူ့ကို ပြုံးပြကာ ထပ်မေးလာသည်။