Idol တစ်ယောက်ရဲ့ Fan ဆိုတာ
- သူ့ idol အတွက် သူများတွေထက်အရာရာ နားလည် ပေးတာ
- ကိုယ့် idol ကဘယ်လိုအရာမျိုးပဲလုပ်လုပ် နားလည်ပေးတာ
- idol ရဲ့ personal က ဘယ်လိုပဲဖြစ်ဖြစ်နားလည် ပေးနိုင်တာ
- ကိုယ့် idol ကို ချစ်တယ်ဆိုတာ သူ့အနုပညာ သူ့ဖြစ်တည်မှုကို
ချစ်တာ
- သူများ idol ပုတ်ခတ်တာမျိုးက ကိုယ့် idol ကို ထိခိုက်စေပြီး
တခြား fan တွေကိုလည်း ထိခိုက်စေနိုင်တယ်
- ကိုယ့် idol ဘယ်နေနေရာ ဘယ်လိုအရာပဲဖြစ်ဖြစ် support/ချစ်ပေးနိုင်ရမယ်လေဒါက ကိုယ်သိတဲ့ ကိုယ်ခံယူထားတဲ့ idol တစ်ယောက်ရဲ့ Fan ပေါ့
အခု မြင်တွေ့နေရတဲ့ idol Fan ဆိုတာ _
- ကိုယ့် idol ရဲ့ အမှားကွက်ကိုလိုက်ရှာနေတာမျိုး သူတို့မကြိုက်တာများဆို ဆဲမယ် ၊ ရန်ရှာမယ် fan ကိုပဲ idol က ပြန်ကြောက်ရမလို
- followတာသူစိတ်ကြိုက်ဘယ်သူမဆို follow ခွင့်ရှိပါတယ် သူလည်းလူထဲက လူပါပဲ
- ရုပ်ရှင်၊ ဗွီဒီယို ၊ MV ၊ ကြော်ငြာ သူ ကြိုက်တာ သူအဆင်ပြေတာ ရိုက်ခွင့်ရှိပါတယ် အခုဟာက fan မကြိုက်တာ သူကမရိုက်ရမလို
ကိုယ့် idol ရဲ့ ခြေလှမ်းတိုင်းအောင်မြင်မှုတိုင်းကို ကိုယ်က ဂုဏ်ယူရမှာမဟုတ်ဘူးလား- Linetvaward ပွဲ ၊ တကယ်လို့ သူမတက်နိုင်ခဲ့ဘူးဆိုလည်း ကိုယ်က သူ့fanပဲနားလည်ပေးရမှာမဟုတ်ဘူးလား
သူ့မှာလည်းသူ့အကြောင်းပြချက်နဲ့တူရှိမှာပေါ့
ငါတို့က ဘယ်လို vote ပေးခဲ့ရတာ ဆိုတော့ တစ်ခုခုကို မျှော်လင့်ပြီးလုပ်ပေးခဲ့တာလားထစ်ခနဲ့ တစ်ခုခုဆို Anti- fan တွေက ဘာမှမလာဘူး သူ့Fan ဆိုတဲ့ဟာတွေက ပဲ ပုတ်ခတ် စော်ကားနေတာ
ဘာ Fan လဲ ကာကွယ်မှု ပေးဖို့နေနေသာသာ သူတို့ တွေပဲ ရှေ့ဆုံးက စော်ကားနေတာ(Fan အားလုံးကို မဆိုလို တချို့သာ)
ကဲ.. ကလေးငယ် မင်းအတွက် ကိုယ်ပေါက်ကွဲခဲ့တယ် ကိုယ်စိတ်တွေလည်းထိန်းပါတယ် ဘယ်လိုမှမတတ်နိုင်တော့ဘူး
အဆိုးထဲက အကောင်းပေါ့ ကလေးငယ်
အတုအယောင်Fan တွေ လျှော့သွားတာပေါ့
ရှေ့ဆက်မယ့် မင်းရဲ့ ဘဝ မှာ ကိုယ်ဘာမှမလုပ်ပေးနိုင်ပေမယ့်
ချစ်ခြင်းမေတ္တာတော့အပြည့်အဝပေးထားပါတယ် ကလေးငယ်မင်းနေတဲ့အရပ် မှာ
ကိုယ့်ပေးတဲ့ ချစ်ခြင်းမေတ္တာတွေ
နွေးစေ အေးစေ
လုံခြုံပါစေ ကလေးငယ် ။မည်သူတစ်ဦးတစ်ယောက်ကိုမှ မရည်ရွယ်ပါ။
ဖြူစင်သော ချစ်ခြင်းမေတ္တာဖြင့်
YOU ARE READING
My adorable Boy @Perthppe
Non-FictionBae ရဲ့ အကြောင်းတွေ/ ဓာတ်ပုံတွေ / Fan Feeling တွေကို စုစည်းထားသာ