ဒီနေ့ မိုးအုံ့တယ် ရာသီဥတု အေးလွန်းနေတယ်။
ကလေးရဲ့ နေရာမှာရော နွေးနေမလား အေးနေမလား .....
ကလေး မျက်နှာလေး ညှိုးနေတာက အစ ကိုယ်ပါ နေမကောင်းသလိုခံစားနေရတဲ့ သဘာဝလွန် ဖြစ်ရပ်တွေပါ ဖြစ်ပျက်နေတာ။ ကျန်းမာရေးဂရုစိုက်ပါ ၊ ပျော်ရွှင်ပါ ၊ ပြုံးပျော်နေပါ
မင်းအပြုံးတွေ အပျော်တွေက ကိုယ်တို့လေးတွေအတွက် အားအင်တစ်ခု ။ ရောင်ပြန်ဟတ်တဲ့မေတ္တာ တစ်ခု အနေနဲ့ ကိုယ့်တို့တွေရဲ့ ချစ်မြတ်နိုးမှု မေတ္တာတရားတွေက ကလေးရဲ့ ရှေ့ဆက်လျှောက်မယ့် ဘဝ ခရီးလမ်းအတွက် အားတစ်ခု အင်တစ်ခု ဖြစ်စေ။ ကိုယ်တို့ရဲ့ ဖြစ်တည်မှုကို မင်းမသိနိုင်ပေမယ့် မင်းရဲ့ဖြစ်တည်မှု သေးသေးလေးက အစ ကိုယ်မြတ်နိုးမိနေတာ
ဥပမာ..နှာခေါင်းထိပ်ဖျားက မှဲ့လေး ၊ နှုတ်ခမ်းအောက်က မဲ့လေး ကအစ ကိုယ့်မြတ်နိုးခြင်းတွေနဲ့ ဝန်းရံနေတယ်။
ကလေးရဲ့ over 17 ကနေစပြီး ယခုထက် ပြုံးပါ ပျော်ရွှင်ပါ အောင်မြင်ပါ ဝမ်းနည်းမှုတွေ ဝေးကွာပြီး မင်းရဲ့ ဘဝ တစ်ခု လုံး
မင်းချစ်တဲ့ အနုပညာ ဂီတ တွေနဲ့ ကောင်မြင်ပျော်ရွှင်ပါစေ ကလေးရေ။မင်းပြုံးရင် လိုက်ပြုံးပေးဖို့
မင်းငိုရင် အတူငိုပေးဖို့
မင်းပျော်နေရင် အတူလိုက်ပျော်ပေးဖို့
မင်းကျန်းမာစေရန် ဆုတောင်းပေးဖို့
ဒီဘဝမှာ ကိုယ်ဒီလောက်ပဲ တတ်နိုင်တယ် ကလေးရေ။ဖြူစင်သော ချစ်ခြင်းမေတ္တာများဖြင့်
YOU ARE READING
My adorable Boy @Perthppe
Non-FictionBae ရဲ့ အကြောင်းတွေ/ ဓာတ်ပုံတွေ / Fan Feeling တွေကို စုစည်းထားသာ