မွေးနေ့တစ်ခု.......
ကိုယ်ချစ်တဲ့ ကလေးငယ်အတွက်..
မကြာခင်ကျရောက်တော့မယ့်မွေးနေ့လေး အဲ့နေ့က စပြီး ကလေးငယ်က အသက်ပြည့်တဲ့ လူတစ်ဦး အဖြစ် လူ့လောကထဲလျှောက်လှမ်းရတော့မယ်။ ကလေးငယ် က ပါရမီရှိပြီးသားမို့ ဘယ်လိုဒုက္ခဆင်းရဲတွေလာလာ ကျော်ဖြတ်နိုင်မယ်မို့လား။
ကလေးငယ်ကို ဒီအရွယ်ထိ ပြုစုပျိုးထောင်ပေးခဲ့တဲ့ ကလေးငယ်ရဲ့ မေမေနဲ့ဖေဖေ ကိုလည်း ကိုယ်တကယ် ကျေးဇူးတင်မိတယ်။ ကလေးငယ်ရဲ့ မေမေ နဲ့ ဖေဖေ ကလည်း ကိုယ်တို့တေထက် အဆများစွာပိုတဲ့အချစ်တွေနဲ့ ချစ်ပေးနေမယ်ဆိုတာ ကိုယ်သိနေတယ်။ ကလေးငယ်ရဲ့ မိဘတွေရယ်၊ ကိုယ်တို့တေနဲ့ ဘယ်တော့မှ ကလေး တစ်ယောက်ထဲလို့မတွေးပါနဲ့နော်။ ခလေးငယ်ကို ချစ်တဲ့ နိုင်ငံတိုင်းက ချစ်စရာမာမားတွေရဲ့ အချစ်တွေက ခလေးငယ်ကြုံလာသမျှ ပင်ပန်းအားငယ်မှုတွေ အခက်အခဲတွေအားလုံးကို ကျော်လွှာစေဖို့ တံတိုင်းကြီးသဖွယ် အမြဲရှိနေဆဲပါ ။ Over 18 ရောက်တော့မယ့်ကလေးငယ်ကို တစ်ချို့အရာလေးတွေစိတ်ပူမိတယ် ။ဥပမာ- over 17 တုန်းက ကားမမောင်းရသေးပေမယ့် အခု over 18မှာ ကားမောင်းပြီး တက္ကသိုလ် ကြီးကို တက်ရတော့မယ် ။စာကြိုးစားပါလို့ မပြောပါဘူးနော်။ ကလေးက စာကြိုးစားမယ်ဆိုတာ သိတယ်လေ။ အစစ အရာရာ ဂရုစိုက်ပါကွယ်။
စိတ်ပူတယ်။ ခလေး မျက်နှာလေး တစ်ချက်ညိုးတာနဲ့ ကိုယ်တကယ် မနေတတ်ဘူး ။ ကိုယ်တကယ်ဝမ်းနည်းတယ်။ ခလေး ပြုံးပျော်နေရင် ကိုယ်တေပါ ပြုံးပျော်နေတာမို့ မာမားတွေကို ချစ်ရင် အမြဲ ပြုံးပျော်နေရမယ်နော် ။
ခလေးငယ်ရဲ့ အပြုအမူတိုင်းက ဒီက မာမားတွေအတွက် ချစ်မဝတဲ့ အရာလေးတွေမို့ .... အမြဲပြုံးပျော်နေပါ ။
လွတ်လပ်စွာ ရှင်သန်ပါ။
မင်း အတွက် အမြဲရှိနေပေးမှာပါ။မင်း ပုံလေးတွေ
မင်းရဲ့ အမူအရာ လှုပ်ရှားမှုလေးတွေ ကြည့်ပြီး
ကိုယ် ရောင့်ရဲ ကျေနပ်နေသရွှေ့
တခြား ဘာကိုမှ
လောဘမကြီးတော့ဘူးလေ ။ကလေးငယ်အား ဖြူစင်သော ချစ်ခြင်းမေတ္တာဖြင့် .....
YOU ARE READING
My adorable Boy @Perthppe
Non-FictionBae ရဲ့ အကြောင်းတွေ/ ဓာတ်ပုံတွေ / Fan Feeling တွေကို စုစည်းထားသာ