Unicode
" ဟိတ်ကောင်တွေ ... လာကြည့်ကြစမ်း "
အတန်းအနားပေးချိန် ရုတ်တရက်ကြီး ထအော်လိုက်တဲ့ နောက်ဆုံးတန်းက Baekhyun အသံကြောင့် သူတို့အတန်းထဲက လူတွေအားလုံး Baekhyun ရဲ့ ဖုန်းကို အလုအယက်ပြေးကြည့်ကြသည်။
"ဟဲ့ .. ဒုတ် ဒုတ် ဒုတ် က ဘယ်သူကြီးလဲ"
" ဘယ်သူရှိမလဲ Oh Sehun ပဲနေမှာပေါ့ "
" Bio ရေးထားတာကြည့်ပါလား အချစ်ခံ လူတန်းစားဆိုပဲ .. သူပဲဖြစ်မှာ"
Facebook NF မှာတက်လာတဲ့ Baekhyun ပြတဲ့ ဒုတ် ဒုတ် ဒုတ် acc name ကို သူတို့တွေ မျိုးစုံမှတ်ချက်ပေးနေကြသည်။
Sehun မကြားတာမဟုတ် ကြားသည်။
အဲဒါပဲ ရုပ်ချောသူတွေ ရင်ဆိုင်နေရတဲ့ အဓိက ပြဿနာ...။
ဘာမှအထူးဆန်းလည်းမဟုတ် Fb acc name လေး change မိပါတယ် မသိရင် Dispatch က 25 Couple Confirm တာတောင် အရှုံးပေးသွားရလောက်တဲ့အထိ သူတို့ အခန်းတစ်ခုလုံး ပွတ်လောရိုက်သွားသည်။
ဒါပေါ့ ဒါပေါ့ ရုပ်ခံလေးရှိတော့ လူတွေက ဘာလုပ်လုပ် Oh Sehun လုပ်ရင် ဘောပင်လွတ်ကျတာကအစ သတင်းလုပ်ချင်နေကြတာ ... ။
" Sehun ... ဒုတ် ဒုတ် ဒုတ်က ဘာကြီးလဲ "
ဘေးနားက မျက်လုံးအ၀ိုင်းသားနဲ့ မေးနေသူက Doh Kyung Soo ... ။
သူကတော့ ခေတ်ကာလရေစီးကြောင်းနဲ့ အဆက်သွယ်ပြတ်နေတဲ့ ကျနော်တို့ အတန်းထဲလူတွေခေါ်လေ့ရှိတဲ့ ဂျိုဆွန်းခေတ်လက်ကျန် ဒီခေတ်ရှားလေးပေါ့။
ကျနော့်ရဲ့ class mate လို့ ပြောလို့ ရသလို မေမေသဘောတူထားသူလို့ ပြောရင်လည်း ပိုမှန်လိမ့်မည်။
အိမ်ကိုတစ်ခါလောက် အလည်ပါလာတည်းက အိမ်ကမေမေပေါ့ မွေးထားတဲ့ သားချောချောလေးမှ အားမနာ ... ငါ့သားလေးဖြစ်လိုက်ရင် ဘယ်လောက်ကောင်းမလဲဆိုပြီး Kyung Soo ... Kyung Soo ဖြစ်နေရာက ကျနော် အလယ်တန်းတုန်းက Kim Jonginနှင့် ရည်းစားဖြစ်ခဲ့တာ သိသွားပြီး ယောက်ျားပဲ စိတ်၀င်စားလို့ ယောက်ျားယူမယ်ဆိုရင်လည်း Doh Kyung Soo နဲ့ပဲ သဘောတူပါတယ်ဆိုတဲ့ အထိ ဖြစ်လာတာပဲ။
"ဒုတ် ... ဒုတ် ... ဒုတ် .... Heart Beat လေ ငါ့ရဲ့ရင်ခုန်သံ "
Sehun စာရွတ်အလွတ်ပေါ် အသည်းပုံ ရေးဆွဲပြီး ရင်ခုန်သံလို ပုံဖော်ဆွဲပြလိုက်တော့ Kyung Soo က အသည်းပုံ နှုတ်ခမ်းလေးပေါ်အောင်အထိ ခွက်ထိုးခွက်လန် ရယ်မောသည်။
"မင်းပုံကြီးက အသည်းပုံနဲ့လည်းမတူဘူး ခရမ်းချဉ်သီးကြနေတာပဲ "
ပုံဆွဲ အင်မတန်တော်သော Sehun သည် မျောက်ပုံကို ခွေးဖြစ်အောင် ဆွဲတတ်သည် ။ ယုန်ပုံကို ကြွက်ဖြစ်အောင် ဆွဲနိုင်သည် ။ ကျားပုံဆွဲလျှင် ကြောင်ဖြစ်သည်။ ဒါကိုပင် သူ့ကိုယ်သူ သူများနဲ့မတူတဲ့ ပါရမီရှင်ကြီးလို့ ထင်နေတတ်သည်။
![](https://img.wattpad.com/cover/178500701-288-k966297.jpg)