Unicode
" ဟိတ်... ဒုတ်... ဒုတ်..."
နောက်ကနေ ကျောလာကုတ်တဲ့ Baekhyun ကြောင့် Sehun နောက်လှည့်လိုက်ပြီး
" ဘာလဲ..."
" မင်း နှင့် ဝါဂွမ်းကိုကိုက အတည်ကြီးလား... "
တွဲနေပါတယ်ဆိုမှ အတည်ကြီးလားဆိုတော့ ဒါ Oh Sehun ကို စော်ကားလိုက်တာပဲ...။
" အတည်မဟုတ်ပဲ ငါက အပျော်နဲ့တူနေလို့လား..."
" ဟီး... မင်းကို မမေးပါဘူးကွာ... တော်ကြာ ရုပ်ခံလေးရှိရဲ့သားနဲ့ Jongin နဲ့တုန်းကလို ဖြစ်မှာဆိုးလို့ပါ..."
လာပြီ... သူများရဲ့ အနာပေါ်ကို တုတ်နဲ့ပစ်ချတာမဟုတ်ဘူး... အရက်ပြန်နဲ့ပါ လောင်းချတာ...
" အဲဒါ မင်း မကောင်းလို့လေ..."
Sehun ရှေ့ကို ပြန်လှည့်သွားပြီး
" အားရှီး... စိတ်ရှုပ်လိုက်တာ... Oh Sehun တို့များ ရည်းစားအထားခံခဲ့ရတာတောင် ရုပ်လေးလှနေတော့ သူများပြောစရာကို ဖြစ်လို့်..."
Sehun စကားကို ကြားပြီး တခွိခွိနဲ့ ရယ်နေကြတဲ့ ဘေးက အဖေ့လူ နှင့် အမေ့လူကို ပေစောင်းစောင်း ကြည့်ပေးမှ သူတို့မရယ်မိသလို စာတွေကောက်ရေးသွားကြသည်။
အဲဒါပဲကြည့် လူတွေများ သိပ်ကို တရားကျဖို့ ကောင်းတာ...။
အသက်အရွယ်နဲ့မလိုက်တဲ့စကားတွေပြောနေလို့ Oh Sehun လေးကို အရမ်းကို တရားတွေရသွားပြီလို့တော့ မထင်လိုက်နဲ့...။
အဲလိုပြောရတာကလည်း ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်ပဲဆိုပါတော့...။
ဘယ်လောက်တောင်လည်းဆို ကျနော် လူစုလူေ၀းရှိတဲ့နေရာတွေဆို မသွားရဲတဲ့အထိ ဘယ်သွားသွား လူအားလုံးရဲ့ မျက်လုံးတွေက အမြဲလိုလို ကျနော့်ဆီကပ်ပါနေတတ်ကြသည်...။
မှန်ရှေ့ရောက်တိုင်းလည်း ချောမောလွန်းတဲ့ ကိုယ့်ရုပ်ကို ကြည့်ကာ စိတ်ဓာတ်ကျရသည်က အကြိမ်ကြိမ် ။
တန်ဆေး လွန်ဘေးဆိုသလို ... ကျွန်တော်ချောတာက လိုတာထက် ပိုသွား၍ပဲလား နေ့တိုင်း ချောမောလွန်းတဲ့ ရုပ်ရည်ကြောင့် စိတ်မသက်မသာဖြစ်ရပါသေးတယ် လိုချင်သူတွေကလည်း ၀ိုင်း၀ိုင်းလည်နေတော့..။
ဒီအကြောင်းကို ပြောလည်းနားလည်မှာ မဟုတ်ပါဘူးလေ ။ ဒါတွေက ကျနော်လို ရုပ်ချောသူတွေနဲ့ပဲ သက်ဆိုင်တာဆိုတော့ ...။
ဒါပေမဲ့လည်း မပြောလို့တော့ မဖြစ် ... ရုပ်ချောသူတွေ ရင်ဆိုင်နေရတဲ့ ဒုက္ခတွေကလည်းမသေး ... မြင်သူတကာ ငေးလောက်အောင် ချောမောခန့်ညားနေတဲ့ လူတစ်ယောက် ဖြစ်ရတာ တကယ်ကို မလွယ်တာပါ..။
ဘယ်သွားသွား လူတွေရဲ့ အာရုံစိုက်မှုကို ခံစားနေရတော့ ကျနော့်ရဲ့ ကိုယ်ပိုင် လွတ်လပ်ခြင်းတွေ ဆုံးရှုံးသွားရတာတော့ ဘယ်ကောင်းပါ့မလဲနော်...။