Unicode
To
Kim Jongin
ဒီနေ့က ကိုယ်သိပ်ချစ်မြတ်နိုးရပါသော မင်းနှင့်ကိုယ်တို့ရဲ့ လမ်းခွဲခြင်း တစ်လပြည့် အထိမ်းအမှတ် ....
မင်းနှင့်ပတ်သက်ရင် အသေးအဖွဲလေးကအစ ဦးနှောက်ထဲစွဲနေတဲ့ ကိုယ့်အတွက် ဒီလိုနေ့ရက်မျိုးကို ဘယ်လိုနည်းနဲ့မှ ဒီအတိုင်း ေကျာ်သွားခွင့်မပြုနိုင်ဘူး...Jongin
မင်းကိုယ့်ကို အရင်လိုချစ်မနေတော့ရင်တောင်မှပဲ ကိုယ်ပေးတဲ့ ကိုယ်တို့နှစ်ဦးပြတ်စဲခြင်းတစ်လပြည့် လက်ဆောင်လေးကိုတော့ သိမ်းထားဖို့ မျှော်လင့်ပါတယ်...
ချစ်သူသက်တမ်းတစ်နှစ်ပြည့်မှ မင်းကြိုက်တာ၀ယ်ပေးဖို့ စုထားတဲ့ ကိုယ့်ပိုက်ဆံတွေက အခုတော့ ဒီနေ့အတွက်ပဲ စိတ်မကောင်းစွာ ဖြစ်လာရပြီပေါ့
ဒီမျက်မှန်က အနီးမှုန်တွေအတွက် ကောင်းတယ်တဲ့ ...ဒီလောက်ချစ်ဖို့ကောင်းတဲ့ ကိုယ့်ကို ထားသွားနိုင်တာတော့ မင်းမျက်လုံးတွေ အနီးမှုန်နေတာပဲ ဖြစ်ရမယ် ...ဘာပဲဖြစ်ဖြစ် မင်းအတွက် အသုံး၀င်မယ်ဆိုရင်ပဲ ပေးရကျိုးနပ်ပါပြီ Jongin ... ဆက်ပြီး ဒီက အချောလေး Oh Sehunကို ဘယ်နေရာကကြည့်ကြည့် ကန်းမနေတော့ဖို့ မျှော်လင့်နေလျက် ....
From
မင်းကိုအမြဲကြိုဆိုနေတဲ့ တစ်ချိန်က အချစ်ဟောင်းလေး
Oh Sehun"ငါက ချောလည်းချောတယ် စာလည်းတော်တယ် စကားလည်းမများဘူး ရန်လည်းမဖြစ်ဘူး မိဘအပေါ်လည်းသိတတ် သူ့ကိုဆို အရမ်းချစ် အရမ်းလည်းအလိုလိုက်တတ်တာတောင် Jongin က ဘာလို့ငါ့လိုလူကို ထားသွားနိုင်ရတာလဲ ငါ့အချစ်တွေကို မမြင်ခဲ့ရတာလဲ" ဆိုပြီး Jongin လမ်းခွဲတုန်းက ငိုပြီးတော့ ရင်ဖွင့်ရှာခဲ့သည့် Sehun ကို Kyung Soo က
"ဒါဆို သေချာပေါက် သူ အနီးမှုန်နေတာပဲနေမယ်"
တစ်ကယ်ကြီး ကျနော့် Jongin က အနီးမှုန်နေတာလား
ဘာရယ်မဟုတ် နှစ်သိမ့်လိုက်တာ နောက်ဆက်တွဲက တစ်လပြည့်မှာ Jongin ဆီကို သူငယ်ချင်းတွေ စကားပစ်ယုံပြီး Sehun မျက်မှန်တစ်လက်နှင့် ထိုစာအား ရေးပို့ဖြစ်ခဲ့သည်။
( ထိုစာပို့ခဲ့သည့် အချိန်မှစ၍ ယနေ့အထိ Kim Jongin သည် အတန်းထဲတွင် ဖြစ်စေ လမ်းမှာဖြစ်စေ ဘယ်နေရာမှာပဲတွေ့တွေ့ Oh Sehunကို မြင်လျှင် ေ၀းေ၀းကရှောင်နေတတ်ပြီး အကြည့်ချင်းဆုံရန်မပြောနဲ့ ... မျက်နှာကိုပင် စေ့စေ့မကြည့်တော့ပေ )
Crush လေးရလာတော့ Crush ဆီက စိတ်၀င်စားမခံရလို့
"ဥစ္စာပေါ ရုပ်ချော ပညာတတ် သူဌေးသားလေးက လူတစ်ယောက်ကိုအရမ်းချစ် ... ဇွဲကောင်းကောင်းနဲ့လိုက်နေတာတောင်မှပဲ သူ့မှာ ချစ်သူ လည်းမရှိ Crushနေတဲ့သူလည်းမရှိပဲ အဲဒီလူက ငြင်းပစ်နိုင်တာ အဲဒါ ဘာကြောင့်လဲ"