ဒုတ် ... ဒုတ် ... ဒုတ်

2.7K 298 108
                                    

Unicode

​" ဟိတ်​​ကောင်​​တွေ ... လာကြည့်ကြစမ်း "

အတန်းအနား​ပေးချိန်​ ရုတ်​တရက်​ကြီး ထ​အော်​လိုက်​တဲ့ ​နောက်​ဆုံးတန်းက Baekhyun အသံ​ကြောင့် သူတို့အတန်းထဲက လူ​တွေအားလုံး Baekhyun ရဲ့ ဖုန်းကို အလုအယက်​​ပြေးကြည့်ကြသည်​။

"ဟဲ့ .. ဒုတ်​ ဒုတ်​ ဒုတ်​ က ဘယ်​သူကြီးလဲ"

" ဘယ်​သူရှိမလဲ Oh Sehun ပဲ​နေမှာ​ပေါ့ "

" Bio ​ရေးထားတာကြည့်ပါလား အချစ်​ခံ လူတန်းစားဆိုပဲ​ .. သူပဲ​ဖြစ်​မှာ​"

Facebook NF မှာတက်​လာတဲ့ Baekhyun ပြတဲ့ ဒုတ်​ ဒုတ်​ ဒုတ်​ acc name ကို သူတို့​တွေ ​မျိုးစုံမှတ်​ချက်​​ပေး​နေကြသည်​​။

Sehun မကြားတာမဟုတ်​ ကြားသည်​။

အဲဒါပဲ ရုပ်​​ချောသူ​တွေ ရင်​ဆိုင်​​နေရတဲ့ အဓိက ပြဿနာ...။

ဘာမှအထူးဆန်းလည်းမဟုတ်​ Fb acc name ​လေး change မိပါတယ်​ မသိရင်​ Dispatch က 25 Couple Confirm တာ​တောင်​ အရှုံးပေးသွားရ​လောက်​တဲ့အထိ သူတို့ အခန်းတစ်​ခုလုံး ပွတ်​​လောရိုက်​သွားသည်​။

ဒါ​ပေါ့ ဒါ​ပေါ့ ရုပ်​ခံ​လေးရှိ​တော့ လူ​တွေက ဘာလုပ်​လုပ်​ Oh Sehun လုပ်​ရင်​ ​ဘောပင်​လွတ်​ကျတာကအစ သတင်းလုပ်​ချင်​​နေကြတာ ... ။

" Sehun ... ဒုတ်​ ဒုတ်​ ဒုတ်​က ဘာကြီးလဲ "

​ဘေးနားက မျက်​လုံးအ၀ိုင်းသားနဲ့ ​မေး​နေသူက Doh Kyung Soo ... ။

သူက​တော့ ​ခေတ်​ကာလ​ရေစီး​ကြောင်းနဲ့ အဆက်​သွယ်​ပြတ်​​နေတဲ့ ကျ​နော်​တို့ အတန်းထဲလူ​တွေ​ခေါ်​လေ့ရှိတဲ့ ဂျိုဆွန်းခေတ်​လက်​ကျန်​ ဒီ​ခေတ်​ရှားလေး​ပေါ့။

ကျ​နော့်ရဲ့ class mate လို့ ​ပြောလို့ ရသလို ​မေ​မေသ​ဘောတူထားသူလို့ ​ပြောရင်​လည်း ပိုမှန်​လိမ့်မည်​။

အိမ်​ကိုတစ်​ခါ​လောက်​ အလည်​ပါလာတည်းက အိမ်​က​မေ​မေ​ပေါ့ ​မွေးထားတဲ့ သား​ချော​ချော​လေးမှ အားမနာ ... ငါ့သား​လေးဖြစ်​လိုက်​ရင်​ ဘယ်​​လောက်​​ကောင်းမလဲဆိုပြီး Kyung Soo ... Kyung Soo ဖြစ်​​နေရာက ကျ​နော်​ အလယ်​တန်းတုန်းက Kim Jonginနှင့် ရည်းစားဖြစ်​ခဲ့တာ သိသွားပြီး ​ယောက်ျားပဲ စိတ်​၀င်​စားလို့ ​ယောက်ျားယူမယ်​ဆိုရင်​လည်း Doh Kyung Soo နဲ့ပဲ သ​ဘောတူပါတယ်​ဆိုတဲ့ အထိ ဖြစ်​လာတာပဲ။

"ဒုတ်​ ... ဒုတ်​ ... ဒုတ်​ .... Heart Beat ​လေ ငါ့ရဲ့ရင်​ခုန်​သံ "

Sehun စာရွတ်​အလွတ်​​ပေါ် ​အသည်းပုံ ​ရေးဆွဲပြီး ရင်​ခုန်​သံလို ပုံ​ဖော်​ဆွဲပြလိုက်​​တော့ Kyung Soo က အသည်းပုံ နှုတ်​ခမ်းလေး​ပေါ်​အောင်​အထိ ခွက်​ထိုးခွက်​လန်​ ရယ်​​မောသည်​။

"မင်းပုံကြီးက အသည်းပုံနဲ့လည်းမတူဘူး ခရမ်းချဉ်​သီးကြ​နေတာပဲ "

ပုံဆွဲ အင်​မတန်​​တော်​​သော Sehun သည်​ ​မျောက်​ပုံကို ​ခွေးဖြစ်​​အောင်​ ဆွဲတတ်​သည်​ ။ ယုန်​ပုံကို ကြွက်​ဖြစ်​​အောင်​ ဆွဲနိုင်​သည်​ ။ ကျားပုံဆွဲလျှင်​ ​ကြောင်​ဖြစ်​သည်​။ ဒါကိုပင်​ သူ့ကိုယ်​သူ သူများနဲ့မတူတဲ့ ပါရမီရှင်​ကြီးလို့ ထင်​​နေတတ်​သည်​။

ဒုတ်...ဒုတ်...ဒုတ်Where stories live. Discover now