"ဟို အန်တီ ဒါ သစ်သွှေးငယ် တို့ဆိုင်လား မသိဘူး"
"သြော် ဟုတ်တယ် ဒါနဲ့ ဘယ်သူလဲမသိဘူး"
ကျွန်တော့် အမေးကို စကားဝဲဝဲနဲ့ အသားညိုညိုနဲ့
အဒေါ်ကြီးမှပြန်ဖြေလေသည်။အဒေါ်ကြီးမှ မျက်နှာတည်နဲ
ပြန်ဖြေတာမို့ အနည်းငယ်လန့်သွားသော်လည်း
ဟိုအချေကိုယ်တော်ကို ကပ်မရရင်တောင် သူ့အိမ်နဲ့ရအောင်
ညှိထားရမည်ဆိုသည့်အတွေးကဝင်လာတာမို့ မျက်နှာကို
အစွမ်းကုန်ဖြီးပြကာ ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်လိုက်သည်။"အဟဲ ကျွန်တော်က သက်အုပ်စိုးပိုင်ပါ
သစ်သွှေးရဲ့.....အင်းး
သူငယ်ချင်း ဒီနေ့ အပြင်အတူ
သွားမယ်ပြောထားလို့ အဲ့တာလာခေါ်တာ ဟီး"ထိုအခါမှ အဒေါ်ကြီးက ကိုသက်ကိုပြုံးပြသည်။
"သား ခဏထိုင်အုံးနော်၊ သက်တန့်က အဲ့တိုင်းပဲသားရဲ့
လာခေါ်ခိုင်းထားပြီး နောက်ကျနေပြန်ပြီ
အားနာလိုက်တာသားရယ်""သက်တန့်လေးရေ သားသူငယ်ချင်းရောက်နေတယ်
မြန်မြန်လုပ်"အဒေါ်ကြီးက အော်ပြောလိုက်သော်လည်း
တုံပြန်သံကားမရှိ။ဟမ်
တစ်ဆိတ် လာရှာတာ သစ်သွှေးငယ်လေ
ဘယ့်နှယ့် သက်တန့်တုန်းX(
နားများလေးနေလားမသိ ထသွားတာကောင်းမယ်ဆိုတဲ့
အတွေးထက် လူကထပြီးသားဖြစ်သော်လည်း
ထိုအဒေါ်ကြီးမှ"ထိုင်လေသားရဲ့၊အန်တီ မြှီးရှည်တစ်ပွဲလုပ်ပေးမယ်
ထိုင်ထိုင်"လက်စသတ်တော့ ကိုယ့်ကို ရှမ်းခေါက်ဆွဲရောင်းချင်လို့ကိုးးးး
ကိုယ့်အတွေးနဲ့ကိုယ် ဟုတ်နေကာပြန်ထိုင်လိုက်သည်။မထူးဘူးလေ ဟိုကိုယ်တော့်အိမ် ရှာတာမနက် ၇ နာရီထဲက
ခု ၉ နာရီထိုးဖို့ဆယ်မိနစ်သာ လိုတော့သည်။ဒါတောင် ရပ်ကွက်က နှာခေါင်းပေါက်လို့ရှိလို့သာပဲ
ဒီအိမ်လည်း မဟုတ်ဘူးဆိုတော့ ဘေးအိမ်ပဲ ကျန်တော့တယ်။
