မုန်းသည်.....

2.8K 188 1
                                    

Dear Potato

Park Chanyeol က
Byun Baekhyun အပိုင်

ဒီလူကြီးက ကျွန်တော့်အပိုင်

~♥~~♥~~♥~~♥~~♥~~♥~~ 1 ~~♥~~♥~~♥~~♥~~♥~~♥~

Zaw gyi

"မင်း... မင်းတို့ ရှေ့တိုးမလာနဲ့နော်
ငါ...ငါမထိုးရဲဘူးများ ထင်နေလား"

ခဲတံချွန်သည့်ဓားလေး တရမ်းရမ်းဖြင့် ရှေ့တည့်တည့်မှ ကျောင်းသားငါးယောက်အား ကြောက်စိတ်ကြားမှ အရဲစွန့်ကာ ပြန်ပြောလိုက်တော့ ခပ်ရွဲ့ရွဲ့ လှောင်ပြုံးများသာ ပြန်ရလိုက်သည်........

ထို့နောက် ကောင်လေးလက်ထဲမှ ဓားအား ကျောင်းသားတစ်ယောက်မှ ပုတ်ထုတ်လိုက်တာမို့ နှစ်လွှာအထပ် အဆောက်အဦးပေါ်ကနေ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်.....

"မင်းမလား.... ကျောင်းအုပ်ကို သွားတိုင်လိုက်တာ မင်းမလား"

ကောင်လေး အင်္ကျီကော်လံစအား ဆုပ်ကိုင်ကာ ဆွဲမြှောက်ထားတော့
ထိုကောင်လေး ခြေဖျားမှာ မြေကြီးနှင့် အနည်းငယ် ထိသည်ဆိုရုံသာ......

မာန်မဲကာ ပြောဆိုနေသည့် ထိုကျောင်းသားအား မကြည့်ပါပဲ မျက်လုံးစုံမှိတ်ကာ ဖြေရှင်းချက်ပေးလိုက်သည်......

"ငါ... ငါတိုင်တာမဟုတ်ဘူး"

"မလိမ်နဲ့.... မင်းရုံးခန်းထဲက ထွက်လာတာ ငါ့မျက်စိနဲ့ တပ်အပ်မြင်တာကို မင်းကငြင်းချင်သေးတာလား"

ပါးစောင်အား ခပ်တင်းတင်းလက်သီးတစ်ချက်ပစ်ဝင်လာတာကြောင့် ကြမ်းပြင်ပေါ် နောက်ပြန်လန်ကျသည်......

နှုတ်ခမ်းထောင့်စွန်းမှ ငံကျိကျိအရသာအား ခံစားမိတာမို့ သေချာပြီ....
သွေးထွက်သွားပြီ.....

"ငါပြောပြီးပြီပဲ... ငါတိုင်တာမဟုတ်ပါဘူးလို့....
ပြဿနာတစ်ခုခုဖြစ်တိုင်း ငါ့ချည်းဘာလို့လိုက်မဲနေရတာလဲ"

နှူတ်ခမ်းထောင့်မှ သွေးစတို့အား လက်ဖမိုးဖြင့် ဆွဲပွတ်ကာ မေးခွန်းထုတ်မိတော့ ပြန်ရလိုက်တာက ခပ်ပြင်းပြင်းလက်သီးတစ်ချက်.....

"ဘာလဲ မင်းက ငါ့ကို ပြန်ခံပြောနေတာလား...
မင်းက ဘာကောင်မို့လို့လဲ ဟမ်!!! "

♡  Dear Potato ♡Z + U (Completed) Where stories live. Discover now