B or Byun Baekhyun

1.7K 153 5
                                    

ဝိုင်တစ်ခွက်မော့ရင်း ဂီတာကြိုးအား ညှိနေစဉ် အပြင်ဘက်ခြမ်းမှ တံခါးခေါက်သံအား ကြားရ၏.....

ညမိုးချုပ်ကြီး လာသည့် ဧည့်သည်မှာ မည်သူဖြစ်မည်နည်း......
Jonginတော့မဖြစ်နိုင်.....သူမှ သူ့အိမ်လိပ်စာအား မပြောပြထားသည်ပဲ........

ဘဲလ်ခလုတ်အား အကြိမ်ကြိမ်တီးနေသည့် သူကြောင့် ဂီတာအား ဘေးချကာ တံခါးလာဖွင့်နေစဉ် အသံပိစိလေးအား ကြားလိုက်ရလေသည်.....

"Chan"

B အသံအား မမှတ်မိပေမဲ့ သူ့အမည်နာမအား Chan ဟု အဖျားစွတ်ခေါ်သည်မှာ ထိုအနှီလူသားတစ်ယောက်ပဲ ရှိသည်မို့ တံခါးနား ခပ်သွက်သွက်လျှောက်ကာ တံခါး၌ တပ်ထားသော CCTV ကတစ်ဆင့် screen အထက် ကြည့်တော့ တံခါးအား ကျောမှီကာ ဒူးနှစ်ဖက်ထောင်၍ မျက်နှာအပ်ထားသော ကျောင်းဝတ်စုံနှင့် B အား တွေ့လိုက်ရလေသည်.........

"သူနဲ့ငါက သူငယ်ချင်းတွေမှ မဟုတ်ပဲ"

တံခါးမဖွင့်ပေးပါပဲ ဧည့်ခန်းထဲသာ ပြန်ဝင်လာသည့် Chanyeol ဟာ အပေါင်းအသင်းဆိုတာကြီးကို ကန့်သတ်ထားခြင်းကြောင့်ပင်......

သူစိမ်းလူအား မခင်တွယ်ချင်သည်မှာ သံယောဇဉ်တွေ နှောင်ဖွဲ့လာပြီးမှ ကွဲကွာခြင်းဆိုသည့် အရာအား မခံစားချင်လို၍သာဖြစ်ပေသည်...ခံစားနိုင်မည်မဟုတ်ပေ........

"Chan"

အသံပိစိလေးမှာ သူ့အား တကြော်ကြော်အော်ခေါ်နေတုန်း.........

Chanyeol လစ်လျူရှုကာ ၀ိုင်အား ခွက်လွတ်ဖြစ်သည်အထိ မော့သောက်လိုက်လေသည်.......

"နေပါအုံး ငါ့အိမ်ဘယ်လိုလုပ်သိသွားတာတုန်း"

စဉ်းစားဟန်ပြု၍ ဂီတာ box အား တစ်ချက်ထုသည်.........

"Chan"

"C h a n"

အချိန်တန်ကြာတကြော်ကြော်အော်ခေါ်နေသည့် အနှီလူသားလေး နောက်ဆုံးတော့ အားအင်ကုန်ခမ်းသွားလို့လား မသိ တိုးလျသည်ထက် အသံသေးသေးလေးထွက်သည်သာပင်.......

"C h a n"

Tik Tok Tik Tok သွားနေသော စက္ကန့်သံများကြား နာရီလက်တံတိုဟာ 10 ဆိုသည့် ကိန်းဂဏန်းအား ညွှန်ပြနေပြီမို့ သူလေးပြန်သွားလောက်ပါပြီ........

♡  Dear Potato ♡Z + U (Completed) Where stories live. Discover now