မောင့်အချစ်နှင့် မတန်သော "မ"

2.2K 196 1
                                    

Dear Potato

Park Chanyeol က
Byun Baekhyun အပိုင်

ဒီလူကြီးက ကျွန်တော့်အပိုင်

~♥~~♥~~♥~~♥~~♥~~♥~~ 2 ~~♥~~♥~~♥~~♥~~♥~~♥~

"မ အားရဲ့လား မောင်အရမ်းလွမ်းနေလို့ တစ်ရက်တွေ့ကြရအောင်လေ"

ချစ်လှစွာသော အချစ်ဦး 'မ' အား လွမ်းလွန်းလို့ Chanyeol ရင်ထဲဟာတာတာ........

မ အား ရင်ခွင်ထဲထည့်ကာ ချစ်စကားများပြောခဲ့သည့် အချိန်ကို
Chanyeol လွမ်းမိပါသည်.......

မနေနိုင်မထိုင်နိုင် လွမ်းမိတော့ "မ မအားဘူး မောင်....ဒီရက်ပိုင်း မ အရမ်းအလုပ်ရှုပ်နေတယ်" ဆိုသော "မ"စကားအား ခေတ္တလစ်လျူရှုကာ မျက်နှာလေးကို တစ်မိနစ်လောက်ပဲဖြစ်ဖြစ် မြင်တွေ့ချင်ပါသည်....
အလွမ်းသည်ချင်ပါသည်.......

"sorry မောင်.... မ လေ ဒီရက်ပိုင်း လုံးဝကို မအားဘူး
Night Duty လည်း ဆင်းနေရတယ်"

"နေ့လည်နားချိန်လေးပဲဖြစ်ဖြစ် တစ်မိနစ်ပဲကွာနော်....
တစ်မိနစ်လောက်လေးပဲ မောင့်ကို အချိန်ပေးပါနော် မ နော်နော်"

တွေ့ချင်လွန်းနေသည်ကို ဈေးကိုင်လွန်းနေသည့် မ......

"မောင်ကွာ မဆိုးနဲ့.... မ စိတ်ရှုပ်လာပြီ ဒါပဲမောင်....
မ အားရင် ဖုန်းဆက်လိုက်မယ်"

"မ မ နေပါအုံး.... မ မအားရင်တောင် မ ရှိတဲ့ နေရာကို မောင်လာခဲ့မယ်
"မ" ဘေးမှာ ခဏလေးပဲ ထိုင်ကြည့်နေမယ်လေနော်....
မောင်တို့ မတွေ့ရတာ နှစ်ပတ်ကျော်နေပြီမလား"

လွမ်းဖျားလွမ်းနာကျနေသည့် Chanyeol ဟာ ရေငတ်နေသော လူတစ်ယောက်လိုပင်........
ဒီနေ့မှ ရေ မသောက်ရရင်....ဒီနေ့မှ မတွေ့ရရင် အသက်ပဲသေတော့မလိုလို....

"မောင်! မ မအားဘူး ဖုန်းထပ်မဆက်နဲ့တော့ ဒါပဲမောင်"

ဂွက်ခနဲချသွားသော ဖုန်းအား အကျေမချမ်းဖြစ်ကာ မွေ့ယာအား လက်သီးဆုပ်နှင့် ထုရိုက်သည်......

ထို့နောက် သေသပ်စွာဖီးတင်ထားသော ဆံသားအား လက်ချောင်းဖြင့် ထိုးဖွကာ စုပ်တစ်ချက်သပ်သည်.......

♡  Dear Potato ♡Z + U (Completed) Donde viven las historias. Descúbrelo ahora