6 - Vitamins ( Zawgyi )

2.3K 208 29
                                    


အခန်းထဲက နံရံပေါ်မှာ Band တခုရဲ့ Poster တွေက အပြည့် ..
ကုတင်ပေါ်က လှမ်းကြည့်လိုက်တာနဲ့မြင်ရအောင်လုပ်ထားတဲ့
စာအုပ်စင်လေးပေါ်မှာလည်း ကာတွန်းစာအုပ်တွေနဲ့အရုပ်တွေက ညီညီစီလို့ ..

ခေါင်းရင်းနားက နာရီထားတဲ့နေရာမှာတော့
မရှိမဖြစ် နှစ်ယောက်တွဲဓာတ်ပုံလေးတခုက မတ်တပ် ..

ဓာတ်ပုံထဲကကောင်လေးနှစ်ယောက်ရဲ့မျက်နှာပေါ်မှာ လူအများ
ငေးလောက်မယ့် အသက်ဝင်တဲ့ အပြုံးလေးတွေက ပေါ်နေပီးသား .. ကြည့်လိုက်တာနဲ့ ကောင်လေးနှစ်ယောက်လုံး အရမ်းပျော်နေကြတာကို ဘယ်သူမဆို သတိထားမိလောက်တဲ့အထိ။

စားပွဲရှေ့က နံရံမှာ Calendar တခုတည်းနေရာယူထားတာမဟုတ်ဘဲ အခန်းပိုင်ရှင်ရဲ့ချစ်သူကောင်လေးပုံကပါ ဟိုတကွက်ဒီတကွက်
နေရာယူထားပီးသား ..

မွေးနေ့ကဒ်လေးတွေ ..
Valentine's Day အတွက် ကဒ်လေးတွေ ..
Anniversary အတွက် ကဒ်လေးတွေ ..

ဒါ့ထက်ကို အခန်းပိုင်ရှင်ရဲ့ ချစ်သူကောင်လေးရေးပေးထားတဲ့ love letter လေးတွေ ...

နှစ်ယောက်တွဲရိုက်ထားတဲ့ပုံတွေနဲ့ဓာတ်ပုံဘောင်လေးတွေ ....
နှင်းဆီပန်းခြောက်လေးတွေ ...
တူတူကြည့်ခဲ့ဖူးကြတဲ့ ရုပ်ရှင်လက်မှတ်တွေကအစ ..

အခန်းတခုလုံးက အမှတ်တရတွေနဲ့အပြည့်

အဲ့အခန်းလေးထဲက ကုတင်ပေါ်မှာ ပါးစပ်လေးဟပီးအိပ်မောကျနေတဲ့ အခန်းပိုင်ရှင်လေးကတော့ သူ့အခန်းထဲမှာ လူတယောက် လှုပ်ရှားသွားလာနေတာကို သတိထားမိပုံမပေါ်။

ဘောင်းဘီတိုဝတ်ထားလို့ နို့နှစ်ရောင်ခြေတံလေးတဖက်က
မီးခိုးရောင်စောင်အောက်ကနေ လှစ်ခနဲပေါ်လာပီး ကုတင်အောက်
ဘက်ကို လျှောသွားတဲ့အထိတောင် အအိပ်မပျက် ..

စောင်မအုပ်ထားတဲ့ ကိုယ်အပေါ်တပိုင်းက အင်္ကျီကလည်း သူနဲ့
မတ်ာတဲ့အင်္ကျီမို့လို့လားမသိ ပုခုံးသား တဖက်ပြုတ်ကျနေတဲ့အထိ
တောင် ချောင်ချိနေတယ်။

အိပ်ရေးဝဝအိပ်ထားရလို့ တင်းရင်းနေတဲ့မျက်နှာဖြူဖြူလေးပေါ်က
နှာတံချွန်ချွန်လေးကနေ တရွှီးရွှီး အသံတွေပါ ထွက်လို့ ..

You are the Only One 3 (SOTUS S Fanfiction)Wo Geschichten leben. Entdecke jetzt