Time - 2nd year Kongpop & 4th year Arthit
Calculus စာမေးပွဲက နီးလာလေလေ Calculus မပိုင်တဲ့
သူ့အတွက်ကတော့ စားလည်း သိပ်စားမဝင်၊အိပ်လည်း စာမေးပွဲ
မဖြေနိုင်တဲ့အိမ်မက်တွေပဲ မက်မက်နေလို့ သိပ်အိပ်မပျော်နိုင်၊
နောက်နှစ် Hazer ဖြစ်မှာမို့ Hazing အတွက် လေ့ကျင့်ချိန်တွေမှာ
တောင် စိတ်မဖြောင့်၊အဆိုးဆုံးက P'Arthit ကျောင်းမှာရှိချိန်
ခဏလေးတွေ့ရတာတောင် Calculus စာမေးပွဲက ခေါင်းထဲဝင်
ဝင်လာတာပဲ :(" Kongpop !! ဘာတွေ အဲ့လောက်တွေးနေရတာလဲ ?"
ဘေးမှာ Pinkmilk ဘူးက ပိုက်ချောင်းလေးကို စုပ်လိုက်၊လက်နဲ့
ကစားလိုက်လုပ်နေရင်း မေးလာတဲ့ P' ကို သူ မျက်နှာငယ်လေးနဲ့" P' ... ကျနော် စာမေးပွဲမဖြေနိုင်မှာကြောက်တယ် .. "
" Calculus လား ? ဒီလောက်လွယ်တာကို "
P' စကားကြောင့် ခေါင်းညိတ်ပြမလို့လုပ်နေရာကနေ
စိတ်ပျက်လက်ပျက်နဲ့ စားပွဲပေါ်မှာတင်ထားတဲ့ လွယ်အိတ်ပေါ်ကိုသာ မျက်နှာကိုမှောက်ချပလိုက်ရတယ်။ပြောအားရှိတာပေါ့ Calculus ဆို အမှတ်အများဆုံးရထားတာကိုး :/
" ကျနော်မှ မရတာ ... ကျနော် စီးပွားရေးပဲပြောင်းတက်ရင်
ကောင်းမလား P' ? "" ဟာ မရဘူးနော် Kongpop !! မင်း ဒါလေးမရတာနဲ့မပြောင်းနဲ့လေ ငါဘာပြောထားလဲ! မင်းခု မတက်ချင်ဘဲ ယူထားတဲ့နေရာက
ဒီအင်ဂျင်နီယာကျောင်းကိုတက်ချင်ရက်နဲ့ မင်းကြောင့်ပြုတ်သွားတဲ့
သူရဲ့နေရာနော် "အရမ်းအားရှိအောင်ပြောပေးနေတဲ့ P' ရဲ့ အားပေးစကားတွေကြောင့် သူခေါင်းတောင်ပြန်မထောင်နိုင်တော့။
ခဏမျက်လုံးမှိတ်ထားလိုက်တော့ P' လက်ချောင်းလေးတွေက သူ့ဆံပင်တွေကို ဖွလာရင်း
" ဒီကျောင်းမှာ ငါလည်းရှိတယ် မင်းသူငယ်ချင်းတွေလည်းရှိတယ်
မင်းကိုချစ်ကြတဲ့ဆရာတွေလည်းရှိတယ်။ မင်းနဲ့ခင်တဲ့စီနီယာ
ဂျူနီယာတွေလည်းရှိတယ် ...ဒါတောင် တကယ်ထွက်ချင်တာလား ? "သူခေါင်းလှဲချထားနေရာကနေ ခေါင်းခါပြတော့ P' က သူနဲ့အပြိုင်
ခေါင်းလှဲချလာရင်း
KAMU SEDANG MEMBACA
You are the Only One 3 (SOTUS S Fanfiction)
Fiksi PenggemarCompleted / Start Date : December 8 , 2019 Book 1 - SOTUS နောက်ပိုင်း (fanfiction) Book 2 - SOTUS + SOTUS (fanfiction + Series Scene) Book 3 - SOTUS S နောက်ပိုင်း စိတ်ကူးယဥ်ရေးသားထားတဲ့ Fanfiction ဖြစ်တာကြောင့် Book 1 နဲ့ ဇာတ်လမ်းမတူဘဲ ဒီ Book 3 ရဲ...