" P' က အမြဲ အဲ့လိုပဲ ... သိပ် ပြောရခက်တယ် ! "ဝုန်းခနဲပိတ်သွားတဲ့ တံခါးသံနဲ့အတူ စိတ်ဆိုးပီးထွက်သွားတဲ့ Kong ကို သူလည်း လှည့်မကြည့်ချင်။အမြဲတမ်း သာယာကြည်နူးနေတယ် ထင်ရင်တော့ အမှားကြီးမှားနေကြပီလို့ပဲ ပြောရမှာပဲ ...
ခုလိုပြသနာမျိုးကျရင် ဘယ်သူမှန်တယ် ဘယ်သူမှား
တယ် ဝေခွဲမရတော့ဘဲ ရန်ဖြစ်ရတာမျိုးက ခက်တယ် ..Kong က သူ အခုတလော ရထားတဲ့ Supplier အသစ်
Pinky နဲ့ ညစာထွက်ထွက်စားနေတာကို မကြိုက်။သူ့အနေနဲ့ကလည်း Supplier နဲ့အဆက်အသွယ်ရနေဖို့အရေး Pinky ချိန်းရင်တော့ သွားနေပေးရမှာ သူ့တာဝန်။ ကုမ္ပဏီကိစ္စတွေနဲ့ပတ်သက်ရင် intern ဆင်းပီးလို့ အကုန်သိနေတဲ့သူက ဒီလိုကိစ္စတွေကို နားမလည်ပေးတာက တော်တော်ဆိုးနေပီ .." Ai'Knot !! မင်း စဉ်းစားကြည့် ငါပဲမှားတာလား ? သူ နားလည်ရမှာပေါ့ !! xxxx "
ထုံးစံအတိုင်း Knot ဆီကိုပဲ ဖုန်းဆက်ပီး ရင်ဖွင့်ဖြစ်တော့
သူ့စကားဆုံးတဲ့အဆုံး Knot က သက်ပြင်းချလာရင်း" N'Kongpop ဘာလို့ အဲ့လိုမကြိုက်တာလဲတော့ ငါမသိဘူး .. ပြောရရင် ငါ ဒီကြားထဲဝင်ပါသင့်ရဲ့လားတောင် မသိဘူး Ai'Arthit .. သူ Pinky နဲ့ပတ်သက်ပီး မကြိုက်တာလား သဝန်တိုတာလားမေးကြည့်သင့်တယ် မထင်ဘူးလား ? "
" မထင်ဘူး !! "
ည ၁၀ နာရီရောက်တဲ့ထိ Kong ဘက်က ဖုန်းမဆက်လာ။မနက်ဖြန်ကျောင်းရှိလို့ အဆောင်ပြန်သွားတာသိတာမို့ သိပ်စိတ်မပူပေမယ့် အရင်လိုအဆောင်ပြန်ရောက်ကြောင်း မက်ဆေ့ခ်ျလေးတောင်မပို့တာမို့ စိတ်ပူနေရတာ ...ခုထိ စိတ်ကောက်နေတုန်းပဲလား ?
ကိုယ့်ဘက်က ဖုန်းစခေါ်တာ မက်ဆေ့ခ်ျစပို့တာမျိုးရှားပေးမယ့် ဒီတခေါက်တော့ Kong စိတ်ကောက်နေတာအသိသာကြီးမို့လို့ သူ့ဘက်ကပဲစဆက်သွယ်ဖို့ဆုံးဖြတ်လိုက်ရင်း Kong ဆီကို မက်ဆေ့ခ်ျလှမ်းပို့လိုက်တော့
- အဆောင်ပြန်ရောက်ပီလား ? ( 10:04 PM )
(10:10 PM ) ပြန်ရောက်ပီ -
စိတ်တိုလိုက်တာ !!
" Kongpop !!! ရောက်ရင် ရောက်ကြောင်းမပြောနိုင်ဘူးလား ? ခု ငါ ဆက်သွယ်မှမင်းပြောမှာလား ? "
ESTÁS LEYENDO
You are the Only One 3 (SOTUS S Fanfiction)
FanficCompleted / Start Date : December 8 , 2019 Book 1 - SOTUS နောက်ပိုင်း (fanfiction) Book 2 - SOTUS + SOTUS (fanfiction + Series Scene) Book 3 - SOTUS S နောက်ပိုင်း စိတ်ကူးယဥ်ရေးသားထားတဲ့ Fanfiction ဖြစ်တာကြောင့် Book 1 နဲ့ ဇာတ်လမ်းမတူဘဲ ဒီ Book 3 ရဲ...