Ren

5.2K 276 4
                                    

°° Ren !!! °°

Ep - 1

🎼

🎼

🎼

တိုးလျစွာ ပျံ့လွင့်လာသော သံစဉ်တစ်ခုကနားစည်အား
ခပ်ပါးပါးရိုက်ခတ်လျှက် တိုးဝင်လာသည် ~~

လေးလံနေသော မျက်ခွံတို့အား ဖွင့်ကြည့်ရန် ကြိုးစား
မိသော်လည်း ဘာမှအရာမထင်ခဲ့ ပဲ အမှောင်ထုက
မိမိ ခန္ဓာကိုယ်တစ်ခုလုံးအား ဖုံးလွှမ်းသွားသည့်
ခပ်စိမ့်စိမ့် ခံစားချက်အချို့သာ ရင်ထဲလှိုက်ဝင်လာခဲ့
သည် ............

ဟား ~~~~~~

တုန်ရီစွာ သက်ပြင်းမောတစ်ခုကို ချလိုက်တော့မှ
မိမိ ကြုံတွေ့နေရသည်မှာ အိမ်မက်တစ်ခုပင် ...

စီးချနေသော ချွေးစက်တို့အား သုတ်လိုက်ပြီးသည်နှင့်
တစ်ပြိုင်နက် ရင်ဘတ်တစ်နေရာအားဖိ၍ ကုတင်ဘေး
စားပွဲပေါ်မှ ဆေးဘူးအဖြူလေးအား တုန်ရီစွာ လှမ်းယူ
မိ၏ ...............

ဆေးလုံးအချို့အား ပါးစပ်ထဲပစ်သွင်းရင်း စိတ်အခြေအနေ အနည်းငယ်တည်ငြိမ်သွားတော့မှ မှန်ပြတင်း
အား အသာငေးကြည့်မိသည် .....

ရောင်နီဖျော့တော့တော့ အချို့က ညကောင်းကင်ရောင်
ကို သိမ်းပိုက် ပျောက်ကွယ်စေတော့မည်ပဲ ............

🎼🎼🎼🎼🎼🎼 Ren 🎼🎼🎼🎼🎼🎼

° ကျွန်တော့်အထင်တော့ သူအနားယူဖို့လိုအပ်နေ
တယ် !!! အထူးသဖြင့် စိတ်ကို အပန်းပြေစေတဲ့
နေရာတစ်ခုမှာပေါ့ !!!! °

° သားလေးအခြေအနေက အခုတလောပိုဆိုး
လာသလိုပဲ !!! စကားလည်းသိပ်မပြောဘူး !!!
အရယ်အပြုံးလည်းသိပ်မရှိဘူး !!! °

° ဒါကတော့ သူကိုယ်တိုင် သူကနှလုံးရောဂါသည်
တစ်ယောက်ဆိုတဲ့အဖြစ်ကို အာရုံထားမိနေလို့ပါ !!
လောကကြီးမှာရှင်သန်ရတာကိုပဲ အဓိပ္ပာယ်မဲ့သလို
ခံစားချက်ပေါ့ !!!! ဒီတိုင်းသူ ဆက်နေရင်တော့
အခြေအနေသိပ်မကောင်းဘူး !!! ဒီလိုရောဂါက
ပျောက်ကင်းဖို့ဆိုတာ လူနာကိုယ်တိုင်ခံယူတဲ့
စိတ်အခြေအနေအပေါ် အများကြီးမူတည်တယ် !! °

အမေနှင့်တာဝန်ခံဒေါက်တာ တို့အပြန်အလှန်ပြောနေ
ကြသော စကားအချို့ကို ကြားရပြီးနောက် အခန်းတံခါး
ကိုအသာပြန်စေ့ထားခဲ့ကာ Chanyeol ထွက်လာခဲ့
သည် !!!!!

Ren ( Z + U Completed )Where stories live. Discover now