°° Ren !!! °°
Final
... စမ်းချောင်းလေးက မေးတယ်
ဘာလို့ပြုံးနေတာလဲတဲ့ ~
ခနဲ့တဲ့လှောင်ရယ်သံလေးနဲ့တုန့်ပြန်လိုက်တယ်
မင်းအချစ်ကို မခံစားဖူးသေးဘူးမလား ~ ...° Hyun ah !!! °
ကြည်ကြည်နူးနူးခေါ်သံလေးအဆုံးတွင် မျက်စောင်းနုနုလေး ကျရောက်လာသည်အတွက်
ကျွန်တော် ဟက်ဟက်ပက်ပက်ပင် ရယ်လိုက်မိပါရဲ့ ...
ဒီတော့လည်း အသံခပ်စူးစူးလေးနှင့်အော်လာသည်က° ငါမင်းထက် 2 နှစ်ကြီးတယ်နော်
Chanyeollie °တဲ့လေ ~
အဲ့ဒီလို ကလေးဆန်တဲ့အမူအရာလေးတွေနဲ့
ကျွန်တော် Hyung လို့ခေါ်တာကို ခံချင်သေးတယ် !! အရမ်းကိုရယ်စရာကောင်းမနေဘူးလား !!မျက်စောင်းကိုအကြာကြီး ထိုးနေသည်မို့ ချစ်ရသူလေး စိတ်မကောက်သွားစေရန် ပြုံးစိစိ ကြည့်နေခြင်းကို ခဏ ရပ်ဆိုင်း၍ မျက်ခုံးအား လက်ညှိုးဖြင့် ကုတ်ကာ စကားလမ်းကြောင်းလွှဲရန်စဉ်းစားမိသည် !!!
° ဒီနေ့ည ကျွန်တော့်ကို piano တီးပြပါဦး
လား !!! °စကားလမ်းကြောင်းလွှဲသည်ကို ရိပ်မိစွာ အရွဲ့တိုက် အာမေဋိတ်သံလေး တစ်ခုပြုလာသော်လည်း ဆက်ပြီး ရစ်ချင်စိတ်မရှိတော့၍ ပါရဲ့ လက်လေးပိုက်လျှက် သေချာပြန်ဖြေလာပါသော ချစ်ရသူလေး !!!
° For Ren ပဲလား ?? °
သူ့စကားကို ကြားတော့ ကျွန်တော် နှာခေါင်းလေး အသာရှုံပြကာ ခေါင်းခါပြလိုက်သည် !!
° အဲ့ဒီ သံစဉ်ကြားရရင်ကျွန်တော့်ကိုယ် ကျွန်တော် အရူးတစ်ယောက်လိုပဲ ပြန်ခံစားရတယ် !! °
ကျွန်တော့် တုံ့ပြန်စကားကို ကြားသည့်အခိုက်တွင်တော့ သူခေါင်းလေးငုံ့ကာ ကျွန်တော့်နည်းတူ နှာခေါင်းလေးရှုံ့လျှက် တိုးတိုးလေး ရေရွတ်သည် !!!
° တကယ်လည်း အရူးပဲကို °
သဘောကျစွာ ကျွန်တော် တဟက်ဟက် ရယ်မောလျှက် လက်ထဲတွင်ဆုပ်ကိုင်ထားသော လက်ပိစိလေးကို ဖျစ်ညစ်ပစ်လိုက်သည် !!!!
YOU ARE READING
Ren ( Z + U Completed )
Fanfictionကျွန်တော့်အတွက် ထူးဆန်းတဲ့ ပဟေဠိတစ်ပုဒ် ကျွန်တော့်အတွက်တော့ထူးဆန်းတဲ့ပဟေဠိတစ်ပုဒ်