° Ren !!! °
Ep - 5
ကားပြတင်းမှန်မှ မြင်နေရသော မြင်ကွင်းများအား အသက်မရှိသလို ငေးမောနေသူကောင်လေးတစ်ယောက်
သည် Seoul အဝေးပြေးလမ်းမကြီး၏ ကားအနက်တစ်
စင်းပေါ်၌ ငြိမ်သက်စွာတည်ရှိနေ၏ !!!!!!သူမ ဘက်ကိုအနည်းငယ်မျှပင် စောင်းငဲ့မကြည့်လာ
သော သားဖြစ်သူအား ကြည့်ရင်း သူမ သက်ပြင်းချမိ
သည် !!!!!!ခင်ပွန်းဖြစ်သူ ဆုံးပါးသွားပြီးကတည်းက တစ်ယောက်
တည်း company တစ်ဖက်နှင့်ရုန်းကန်ပျိုးထောင်ခဲ့ရ
သောကြောင့် သည်ကလေး ရောဂါအခြေအနေနှင့်
ပတ်သတ်၍ သေချာဂရုမစိုက်ပေးနိုင်ခဲ့သော်လည်း
တစ်ဦးတည်းသော သားလေးမို့ သည်းသည်းလှုပ်
ချစ်ခင်ခဲ့ပါသည် !!!!!!3 နှစ်အရွယ်တွင် မျိးရိုးလိုက်နှလုံးရောဂါ ရှိနေကြောင်း
စတင်သိရှိခဲ့ရသည်မှ စ၍ အရယ်အပြုံးမရှိတော့ပဲ
အနေအေးလာသော သားဖြစ်သူအား ကြည့်ရင်း
မည်မျှ စိတ်မကောင်းဖြစ်ခဲ့ရသည်ကို သူမ ကိုယ်တိုင်
သာလျှင်သိပါသည် !!!!!တစ်နေ့ ရောဂါ ပျောက်ကင်းပြီးလျှင် ပုံမှန်ကလေးတစ်
ယောက်အဖြစ် မြင်တွေ့နိုင်မည့်သားဖြစ်သူအား
စောင့်မျှော်နေမိခဲ့သော်လည်း လက်တွေ့တွင်တော့
အရင်ကထက်ပင်ပိုပြီးဆိုးရွားသွားသယောင်ပင် !!!!Buchon အား မည်သည့်အကြောင်းပြချက်ကြောင့်
ဤမျှသွားချင်နေသည်မှန်း သူမ မသိသော်လည်း
အတိတ်ဆိုး နှစ်ခုက တိုက်တိုက် ဆိုင်ဆိုင်ပင် ပေါ်
ထွက်လာခဲ့သည်မို့ သူမ စိတ်မချနိုင်ပါ !!!!!ပထမ သုံးနှစ်သား အရွယ် Buchon အားနွေရာသီ
အလည်သွားရာမှ စတင်ခဲ့သည် !!!!!!! Seoul အား
ပြန်မလိုက်ဟု ငိုယို သောင်းကျန်းခဲ့သော ကလေးငယ်
လေးအား အတင်းပြန်ခေါ်ခဲ့ရာမှ သတိလစ်ကာ
မှတ်ဥာဏ်များ ပျောက်ဆုံးသွားသည်မျှမက မျိုးရိုးလိုက်
နှလုံးရောဂါရှိနေသည်ဟူသော အချက်ကိုလည်း ရှာ
တွေ့ခဲ့ရသည် !!!!!!!ထိုအချိန်မှစ၍ပြောင်းလဲသွားသော သားငယ် အရွယ်
ရောက်လာသည့်အခါ ငယ်ငယ်က သံယောဇဉ်ရှိခဲ့
သည့် နေရာလေးအား စိတ်အပန်းပြေစေနိုင်မလားဟု
ပို့လိုက်မိခြင်းက သူမ သားငယ်အား ဆုံးရှုံးမိလိုက်ရ
မလိုပင်ဖြစ်သွားသည်မဟုတ်ပါလား !!!!!!!

YOU ARE READING
Ren ( Z + U Completed )
Fanfictionကျွန်တော့်အတွက် ထူးဆန်းတဲ့ ပဟေဠိတစ်ပုဒ် ကျွန်တော့်အတွက်တော့ထူးဆန်းတဲ့ပဟေဠိတစ်ပုဒ်