Ren

1.5K 191 0
                                        

° Ren !!! °

Ep - 4

မြစ်ရေပြင် ကျယ်ပေါ်၌ တရွေ့ရွေ့ ကူးခတ်နေသော
လှေငယ်လေးသည် ညနေဆည်းဆာ၏ ရောင်ချည်
နုနုများ အောက်တွင် အေးချမ်းစွာတည်ရှိနေလေရဲ့ !!!

Chanyeol လက်ညိုးဖျားလေးကို ရေထဲအသာနှစ်ပြီး
အေးမြသော အထိအတွေ့လေးကို ခံစားမိသည် !!

° သဘောကျစရာကောင်းတယ်မလား !!!! °

ဦးလေးငယ်က လှေလှော်နေရင်း မေးတော့ အသာ
ပြုံးပြကာ ခေါင်းညိတ်ပြလိုက်မိသည် !!!

° Chanyeol လေးကြည့်ရတာ ဒီမှာနေရတာကို
စိတ်ချမ်းသာနေသလိုပဲ !!!! °

° Seoul မှာထက်စာရင်တော့ ပိုပြီးအဆင်ပြေပါ
တယ် !!!! °

° ဦးလေးလည်း ဒီနေရာလေးကို ပိုသဘောကျတယ်
arr !! ဒီနေ့လပြည့်နေ့မလား !!! Seoul မှာလို
အထီးကျန်ပြီးလကြီးကိုငေးနေရမှာမျိုးမဟုတ်ဘူး !!
ပွဲဈေးရှိတယ် လိုက်မလား !!!! °

° arnyiyo !! ကျွန်တော် သိပ်အပင်ပန်း မခံနိုင်ဘူး !!
အိမ်မှာပဲ နားနေလိုက်ပါ့မယ် !!!!! °

° arr !!! ဟုတ်သားပဲ !! ဦးလေး ရုတ်တရက်
မေ့သွားတယ် !!!!! °

အမှန်တကယ်တော့ အပင်ပန်းမခံနိုင်ဘူးဆိုတာထက်
ဟိုကောင်လေးကိုတွေ့ချင်သည့်စိတ်က ပို၍ အားသာ
နေကြောင့်ဆိုသည်ကို မိမိကိုယ်ကို သတိထား
မိသော်လည်း မုသားအချို့ကိုသာ နှုတ်မှခြွေခဲ့၏ !!!!

R E N

ဖြူသွယ်သော လက်လေးတစ်စုံသည် မှောင်မိုက်ခြင်း
ထဲ တစ်ဖြည်းဖြည်းနစ်​မြှုပ်​​ပျောက်​ကွယ်​ သွား​တော့
မည့်​ဆဲဆဲ သူဖမ်းဆုပ်​မိသည်​ !!!! သို့​သော်​ ​သူကိုယ်
တိုင်​ပင်​ ​လေဟာနယ်​ထဲပြုတ်​ကျသွားသကဲ့သို့ ခံစားမှု
၏အဆုံးသတ်တွင် အိမ်မက်တစ်ခုမှနိုးထခြင်း သို့သာ
ဆိုက်ရောက်၏ !!!!

° ဟား !!!!!!!! အိပ်မက် မက်နေတာပဲ !!! °

မောလျစွာ သက်ပြင်းချရင်း သတိတရ နာရီကို ကြည့်မိ
တော့ ည 11 : 45 !!!!!

ဘုရားရေ သူဘာကြောင့်များ ဒီလောက်ထိ အိပ်ပျော်
သွားပါလိမ့် !!!!!!

Baekhyun သည် ည 11:00 မှ 12:00 အတိထိသာ
Piano တီးတတ်သော ကောင်လေးပင်မို့ ယခုကျန်
တော့သည်က 15 မိနစ်သာ !!!!

Ren ( Z + U Completed )Hikayelerin yaşadığı yer. Şimdi keşfedin