🧜‍♀️Bonus🧜‍♀️

6.2K 318 35
                                    


🧜‍♀️ရေသူမလေးကိုယ့်​ချစ်​သူ Bonus🧜‍♀️

....After 20 Years Later...

တက္ကသိုလ်​ တစ်​ခု၏ ထမင်းစားဆောင်​တွင်

Man-"ဟေး ကောင်​မလေး မင်းထမင်းဖိုးအတွက်​ ပိုက်​ဆံမသွင်းထားဘူးနော်​ မင်းစားလို့မရဘူး "

"ကျွန်​မမှာ ပိုက်​ဆံမရှိဘူး မသွင်းနိုင်​ဘူး " ဟုပြောကာ
တွေ့ရာ Sandwich မုန့်​ကို ယူပြီး လုပြေးတော့သည်​။

နောက်​မှ လူကြီးက အမျိုးမျိုး အော်​ဟစ်​ပြီး ကျန်​ခဲ့သည်​။

သူမက ထိုလူကို ပြောင်​စပ်​စပ်​ လုပ်​ပြရင်း ပြေးနေသောကြောင့်​ လူတစ်​ယောက်​နှင့်​ တိုက်​ကာ ထိုလူအပေါ်
ထပ်​ရက်​ အနေအထား ဖြင့်​ လဲကျသွားသည်​။

"Ah! မင်းလူတစ်​ယောက်​လုံးကို မမြင်​.."

" အယ်​ Sorry ကျွန်​မ မမြင်​မိ...ဟင်​"
သူ့ကို တနေရာရာမှာ မြင်​ဖူးသလိုပဲနော်​...

ထို့နောက်​သူမလည်း ထလိုက်​ပြီး လဲကျသွားသော သူ့ကို ကူထူပေးကာ

"Sorry ကျွန်​မတကယ်​မမြင်​မိလို့ပါနော်​ ဒါနဲ့လေ ကျွန်​မတို့ တနေရာရာမှာများ တွေ့ဖူးသလား "

"ရပါတယ်​ တောင်းပန်​ဖို့ မလိုပါဘူး " ဟုသာပြောပြီး ခပ်​တည်​တည်​နှင့်​ ထွက်​သွားသည်​။

သူမတစ်​ယောက်​သာ သူ့ကျောပြင်​ကို ကြည့်​ရင်း ကျန်​နေရစ်​ခဲ့သည်​။

ဘယ်​လိုဟာလေးလဲဟ ငါမေးနေတာကိုမဖြေဘူး
ချေလိုက်​တာကြည့်​စမ်း
လူလေးကသေးသေး ကွေးကွေးနဲ့ ချေရဲသေးတယ်​နော်
ငါကိုင်​ပေါက်​လိုက်​ရင်​ တစ်​ကိုင်​ပေါက်​စာပဲ ရှိတာကို...

သူမတို့၂ယောက်​လည်း ကျောခိုင်းကာ ထွက်​သွားခဲ့သည်​။

ဘယ်​လိုလေးလဲ နှုတ်​ခမ်းလေးက ဆွဲဆောင်​မှုရှိလိုက်​တာ
သူမပြန်​လှည့်​ကြည့်​လိုက်​သည်​။သို့သော် ထိုကောင်​မလေးက သူမကို ကျောခိုင်းပြီး ထွက်​သွားပြီ။

သူမတို့၂ယောက်​၏ ရှေးရေစက်​ကြောင့်
မေဂျာတူ အတန်းတူခဲ့ကြသည်​။
ထိုင်​တော့လည်း အတူတူကို ဖြစ်​နေခဲ့သည်​။

My Girlfriend  is A Mermaid🧜‍♀️💗👧 (Jenlisa)Where stories live. Discover now