Chapter 13

4.5K 459 14
                                    

Zawgyi ver ❆

.....အ​ရှေ့သို့ချ​ပေးလာ​သော ​ကော်​ဖီ​​ခွက်​ကို အကြည့်​ပို့ထားမိရင်း Baekhyun ​ခေါင်းကိုငုတ်​ထားမိသည်​ ။ထို့အတူ တစ်​ဖက်​က ​ပြောလာမည့်​စကားတို့ကိုသာ နားစွင့်​​နေမိသည်​ ။....

" ​ခေါင်းငုတ်​ထားစရာမလိုပါဘူးကွယ် ၊ ​နေသာသလိုပဲ​နေပါ ၊ noona မင်းကို ကိုက်​မစားပါဘူး ..."

.....Yoora အပြုံး​လေးဖြင့်​ ​နောက်​သလိုလို စကားစလိုက်​​တော့ Baekhyun ​အ​ယောင်​​ယောင်​အမှားမှား​ဖြင့်ေ​မာ့ကြည့်​လာ​ခဲ့​လေသည်​ ။ ထို့​နောက်​ တည်​ငြိမ်​​သော အပြုံးမျိုးဖြင့်​ ပြုံးပြ​နေ​သော သူမကိုကြည့်​ရင်း ​နေသာထိုင်​သာရှိသွားသလိုပင်​ ။ Baekhyun အတွက်​ တခြားသူသာဆို ဒီ​လောက်​ထိ ​နေရခက်​​နေမည်​မဟုတ်​ပါ ။ ခုက ကိုယ်​ချစ်​ရ​သောသူရဲ့ မိသားစုဝင်​တစ်​ဦးဖြစ်​​နေသည်​မလား ။ အ​နေအထိုင်​​တော့ သတိထားဖို့လိုသည်​​လေ ။...

" ဟို noona က ကျ​နော့ကို ဘာများ​ပြောစရာရှိလို့လဲ "

.....Baekhyun အ​မေးကို သူမ​ရှေ့က ​ကော်​ဖီတစ်​ငုံယူ​သောက်​လိုက်​ရင်း ပြန်​​ဖြေ​ပေးလာသည်​ ။...

" အင်း....noonaအချိန်​သိပ်​မရ​တော့ လိုရင်းပဲ​ပြော​တော့မယ်​​နော်​ ၊ အခု Chanyeol​လေးနဲ့ ဒီကေ​မာင်​​လေးနဲ့က ချစ်​သူရည်းစား​တွေမှန်း noona သိထားပီပါပီ ၊ အဲ့ဒိအ​ကြောင်းကို noona အဓိက​ပြောချင်​လို့ပါ "

.....Baekhyun ရင်​ထဲ ထိတ်​ခနဲဖြစ်​သွားရသည်​ ။ အခုက အဲ့ဒိအ​ကြောင်း​ကြောင့်​ဆိုရင်​ ရုပ်​ရှင်​​တွေထဲကလို သူ့ကို Chanyeolနဲ့ လမ်းခွဲ​ဖို့​ပြောလာမှာလား ၊ Chanyeolနဲ့ အ​ဝေးဆုံးကို သူ့ကို ထွက်​သွား​ပေးဖို့ ​တောင်းဆိုလာမှာလား ၊ ထိုအ​တွေး​တွေက အတိအကျမမှန်​ရင်​​တောင်​ လက်​ခံ​ပေးဖို့ထက်​​တော့ တိကျ​သေချာနိုင်​သည်​​လေ ။ သို့​ပေမယ့်​ Baekhyun အတွက်​က​တော့ သူမဘာပဲ​ပြောလာလာ လက်​ခံနိုင်​ဖို့အ​ရေးကြီးသည်​ပင်​ ။ဘယ်​လိုအ​ဖြေမျိုးပဲဖြစ်​​နေပါ​စေ ကိုယ့်​နှလုံးသား ကိုယ့်​ခံစားချက်​အတိုင်းသာ သူ​ရှေ့ဆက်​မှာပါ ။ အ​ဖြေကိုမသိနှင့်​ခင်​မှာပဲ Baekhyun ရင်​ဘက်​ထဲ မြင်းအ​ကောင်​တစ်​ရာ ကဆုန်​​ပေါက်​​နေသလို စိတ်​​ထဲ​လူပ်​ရှား​နေမိသည်​ ။...

My Lover Is A Bodyguard Where stories live. Discover now