Chapter 31

3.2K 281 32
                                    

Zawgyi ver ❆

..... တစ်​နှစ်​​ကျော်​ကြာပြီး​နောက်​....

...... baekhyun လက်​ကနာရီကိုကြည့်​ရင်း ဘွဲ့ဝတ်​စုံကြီးတကားကားဖြင့်​ ​ကျောင်းဂိတ်​ဝဆီတ​မျှော်​​မျှော်​ဖြစ်​​နေသည်​ ။ နာရီဝက်​နီးပါး​တောင်​ ​နောက်​ကျ​နေ​သောသူသည်​ သူဘွဲ့ယူမယ့်​​နေ့ဆိုတာသိသိကြီးနဲ့ ဘယ်​ကိုသ​ဝေထိုး​နေပြန်​လဲမသိ ။ ခု​နောက်​ပိုင်း Chanyeol hyungရဲ့ companyအလုပ်​​တွေသည်​ မနားမ​နေ အချိန်​ပြည့်​ရှိ​နေတတ်​သည်​ ။ အရင်​က​နေ့တိုင်း​တွေ့ဖြစ်​​နေကြ​တောင်​ ခုတ​လောတွင်​ နှစ်​ရက်​တစ်​ခါ သုံးရက်​တစ်​ခါမှသာ ​အလွမ်းသယ်​ရ​တော့သည်​ ။ တစ်​ခါခါ သူ့ထက်​ companyအလုပ်​​တွေကပိုအ​ရေးကြီးလားဆိုပြီး က​လေးတစ်​​ယောက်​လိုမျိုးရစ်​လိုက်​ချင်​​ပေမယ့်​ မျက်​နှာ​လေး​ချောင်​ချကာ ပင်​ပန်း​နေပုံ​ပေါ်​သော hyungကို မြင်​ရတဲ့အခါ စကားတို့​ပြောမထွက်​ခဲ့ ။ ​နောက်​နာရီဝက်​​နေရင်​ ဘွဲ့ယူချိန်​ကပြီး​တော့မှာမို့ hyung မပါဘဲ ပြီးလိုက်​ရမှာကိုစိုးရိမ်​သည်​ ။ ဖုန်းဆက်​လိုက်​ရင်​ရ​ပေမယ့်​ အ​နှောင့်​အယှက်​ဖြစ်​မှာကိုစိုးရိမ်​သည်​ ။ .....

" သား​လေး  Chanyeolဆီဖုန်းဆက်​ကြည့်​ပါလား ၊ အလုပ်​​တွေများလို့ ​မေ့​နေတာလားမသိဘူးကွယ်​ "

" မဆက်​​တော့ဘူးမား ၊ သူ​ရောက်​လာမှာပါ "

...... ​ပြောပြီးမကြာ ​မျှော်​​နေ​သောတစ်​​ယောက်​​သောသူရဲ့ကား​လေး ​ကျောင်းဝင်းထဲသို့ထိုးရပ်​လာသည်​ ။ ထို့​နောက်​ ကား​ပေါ်က အမြန်​​ပြေးဆင်းလာကာ Baekhyun ရှိရာသို့ မျက်​နှာငယ်​​လေးဖြင့်​​ရောက်​လာ၏ ။....

" hyun !... ကိုယ်​​တောင်းပန်​ပါတယ်​ ​နောက်​ကျသွားလို့ ၊ ညကစာရင်း​တွေမပြီး​သေးတာနဲ့ မနက်​ထိဆက်​လုပ်​​နေရလို့ စိတ်​မဆိုးနဲ့​နော်​ "

...... ထင်​ထားသည့်​အတိုင်း အလုပ်​​တွေပိ​နေပြန်​​သော ချစ်​ရသူကိုကြည့်​ပြီး Baekhyun အပြစ်​မဆိုရက်​ ။ ချစ်​ရသူကပင်​ပန်း​နေတာကို သူကပါ ထပ်​ပြီးပင်​ပန်း​အောင်​လုပ်​မိ​နေပြီလားမသိ ။......

My Lover Is A Bodyguard Where stories live. Discover now