Chapter 21

3.3K 381 9
                                    

Zawgyi ver ❆

..... ​ဆေးရုံကထွက်​လာသည်​နှင့်​ Chanyeol Hotel ဘက်​ခြမ်းကို ပြန်​​ရောက်​လာခဲ့သည်​ ။အဓိကသက်​​သေဖြစ်​တဲ့ CCTVကို စစ်​ကြည့်​ဖို့လိုသည်​ ။hotel အထဲသို့​​ရောက်​သည်​နှင့်
ခရီး​ဆောင်​အိတ်​​တွေကို ​နေရာချရန်​အတွက်​  လှည်း​ပေါ်အတင်​အချပြုလုပ်​​နေ​သော ​ကောင်​​လေးတစ်​​ယောက်​ကို​တွေ့ရသည်​ ။ Chanyeol အနားသို့သွားလိုက်​ရင်း ထို​ကောင်​​လေးကိုသာ​မေးကြည့်​ဖို့ပြင်​လိုက်​သည်​ ။....

" ​​​ကောင်​​လေး အကိုမင်းကိုအကူအညီတစ်​ခု​လောက်ေ​တာင်းချင်​လို့ "

.....ထိုအခါ ​ကောင်​​လေးသည်​ လက်​ထဲက အထုတ်​​တွေကိုချရင်း Chanyeol ကိုပြူတူတူ​လေးကြည့်​လာသည်​၊ သူ့ကို​ခေါ်တာလားဆိုပြီး ကိုယ့်​ကိုယ်​ကိုယ်​ လက်​ညိုးထိုးပြ​နေ​သေးသည်​ ။ Chanyeol ​ခေါင်းငြိမ့်​ပြလိုက်​ကာမှ အူ​ကြောင်​​ကြောင်​ရုပ်​​လေးဖြင့်​ ကြည့်​လာရင်း..

" ဟုတ်​ကဲ့အကို  ဘာများကူညီ​ပေးရမလဲ "

" ဒီ hotelရဲ့ CCTVကိုခဏကြည့်​ချင်​လို့ ၊ မ​နေ့ကဖြစ်​သွားတဲ့ အဖြစ်​အပျက်​​ကြောင့်​ တရားခံကို အဓိကရှာရမှဖြစ်​မှာမို့လို့ ကူညီ​ပေးလို့ရနိုင်​မလား "

..... ထိုအခါ ​ကောင်​​လေးသည်​ စဉ်းစားသလိုဖြစ်​သွားသည့်​​နောက်​ တစ်​ခုခုကိုသတိရသွားသလို .....

" အာ မ​နေ့က ဖြစ်​သွားတဲ့ကိစ္စလားမသိ ၊ အ့တာဆိုရင်​​တော့ ကျ​နော်​ သူ​ဋ္ဌေးကို​ပြောကြည့်​​ပေးမယ်​​လေ ၊ ကိုယ်​​ရေးကိုယ်​တာအတွက်​သာအသုံးပြုလို့မရ​ပေမယ့်​ အဲ့ဒိကိစ္စအတွက်​ဆိုရင်​​တော့ ကျ​နော်​​ပြောကြည့်​​ပေးလို့ရပါတယ်​ "

" ​ကျေးဇူးပဲကွာ "

" ရပါတယ်​ဗျာ ၊ ခဏ​လေး​စောင့်​​ပေး​နော်​ အကို ကျ​နော်​သွား​မေး​ပေးမယ်​ "

...... ထို​ကောင်​​လေးထွက်​သွားသည်​နှင့်​ Chanyeol သတိတရ ဖုန်းကိုထုတ်​လိုက်​ရင်း တစ်​​နေရာသို့​ခေါ်လိုက်​သည်​ ....

" ဟဲလို  Chanyeol ​မြေး​လေး ၊ ဖွားဖွားဆီဖုန်းဆက်​လို့ပါလား သတိ​တွေရ​နေတာကွယ်​ "

My Lover Is A Bodyguard Where stories live. Discover now