who make ?

8.8K 308 39
                                    

Unicode version

Jisoo နဲ့ Jennie တို့ရဲ့ မင်္ဂလာပွဲ❤

Hotelခန်းမထဲမှာ ဖိတ်ထားတဲ့ ဧည့်သည်တွေ တယောက်ပြီး တယောက် ဝင်လာလေသည် သတင်းထောက် မိဒီယာတွေရော အများကြီးပါပဲ နာမည်ကြီး Kimကုမ္မဏီရဲ့ တဦးတည်းသောသမီး jisooရဲ့ မိန်းကလေးချင်း မင်္ဂလာဆောင်မို့လို့လဲ အများက စိတ်ဝင်စားကြလေစည် ဧည့်ပရိသတ်များစွာ ဝင်လာကြလေသည်

ဒီအချိန် hotelထဲ ကားတစ်စီး ဝင်လာလေသည်
ကားပေါ်မှ လူတယောက် ဆင်းလာလေသည် ထိုသူမှာ  ဒီနေ့ မင်္ဂလာဆောင်ရဲ့ သတို့သမီး တဦးဖစ်သူ kim jennieရဲ့ အချစ်ဆုံးသူငယ်ချင်းပင်❤

Lisaက ကားပေါ်မှာ ဆင်းလာကာ hotel ထဲဝင်လာသည် hotel ဝင်ပေါက်ရောက်တော့ ဝင်ပေါက်က  jennie နဲ့ jisooရဲ့ pre wedding photo တွေကို lisa ကြည့်မိလိုက်သည်

တော်တော် အပြုံးများနဲ့ တယောက်တလှည့် ကြည့်နေသော Jisooနဲ့ jennie တို့ရဲ့ပုံ👭
နောက်တစ်ပုံကျ jennieက jisooရင်ခွင်ထဲမှာ နောက်တစ်ပုံကတော့ jennieကို jisooက အနောက်က ဖတ်ထားလေသည်

ဓာတ်ပုံတေ့ကို ကြည့်လိုက်တာနဲ့ ဒီနှစ်ယောက် ပျော်ရွှင်နေလိမ့်မည်ဟု သေချာစွာ တွေးယူနိုင်သည် lisaမှာဓာတ်ပုံများကို ကြည့်နေရင်းနဲ့ ဓာတ်ပုံတစ်ပုံ အရောက်မှာ lisaမျက်ဝန်းများ ရပ်သွားလေသည်

နှစ်ယောက်က အပြုံးတွေနဲ့ ကြည့်နေသော ပုံ။ jisooနဲ့ jennieတို့ရဲ့ မျက်နှာသည် နီးကပ်လှသည် နှုတ်ခမ်းအချင်းချင်း နမ်းလုနီးပါး ဖြစ်နေသောပုံ

lisa တပ်ထားသော မျက်မှန်အနက်လေးကို ချွတ်လိုက်ကာ ထိုဓာတ်ပုံကို ကြည့်လိုက်သည် lisaသည် ပြုံးလိုက်သည် ပြီးတော့ ပြုံးနေသော သူ့နှုတ်ခမ်းများသည် ချက်ချင်းပင် ပြန်တည်သွားကာ ထိုဓာတ်ပုံကို သူ့မျက်ဝန်းများဖြင့် စိုက်ကြည့်နေသည်

ထို့နောက် မဲ့ပြုံးတချက် ပြုံးလိုက်ပြီး မျက်မှန်ပြန်တပ်ကာ hotelခန်းမထဲ ဝင်လာသည်
ခန်းမရှေ့မှာ  နှစ်ဖက်မိဘများ။

Jennieအဖေက lisaကို တွေ့တော့

Jen appa- သမီး lisa လာပြီလား

Lisa- ဟုတ် appa Jen jenရော

Jen omma- သမီး သူငယ်ချင်းက သတို့သမီး အလှပြင်တဲ့ အခန်းထဲမှာ

Psycho loveWhere stories live. Discover now