Psycho love 24 final

5.2K 254 67
                                    

unicode VERSION

Jisoo နိုးလာချိန်မှာ လက်တွေ ကြိုးတုပ်ခံထားရသည်ကို သိလိုက်လေသည်

Jisoo ရှေ့မှာက စိတ်မကောင်းတဲ့ မျက်ဝန်းများဖြင့် ကြည့်နေသော jen။

"Jenjen ဘာဖြစ်သွားသေးလဲ
နာသွားသေးလား"

Jenက ခေါင်းခါပြရုံပဲ လုပ်ပြသည်

"Jenကို ပူမနေနဲ့ အခုဟာက ကိုယ့်ဟာကိုယ် ပူရမှာ မဟုတ်ဘူးလား Kim jisoo"

အသံခြောက်ကပ်ကပ်ဖြင့် lisa၏ အသံကို ကြားလိုက်သည်

"မင်း ဒါဘာလုပ်တာလဲ lisa အခုချက်ချင်း လွှတ်စမ်း"

Jisooက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်

"အရူးမ မင်း ငါတို့ကို အခုချက်ချင်း လွှတ်စမ်း!"

"ဘာ အရူးမ ဟုတ်လား"

"မင်းက ရူးနေလို့ ငါက အရူးမလို့ ခေါ်တာလေ"

"နင်သေချင်နေပြီလား"

သူက လက်မြှောက်ပြီး jisooကို ရိုက်ဖို့ လုပ်ချိန်မှာတော့

"Mmm...mm"

အနောက်က jennie အသံကို ကြားလိုက်ရသည်
lisaက jenကို လှမ်းကြည့်တော့ jenက
jisooကို မလုပ်ပါရန် မျက်နှာငယ်လေးဖြင့် lisaကို လုပ်ပြသည်

"နင့်ဟာမကို ထိမှာစိုးလို့လား"

Lisaက နှုတ်ခမ်းဆူပြီး jenနား လမ်းလျှောက်လာသည် ထို့အချိန် jisooက သူ့ကြိုးကို lisaရှေ့မှာ ပုံမပျက်ဘဲ ကြိုးစားဖြေနေသည်

"ငါကလေ ငါ့ဘဝမှာ ငါကြောက်တာ
တခုပဲ ရှိတယ် အဲဒါဘာလဲဆိုတာ
နင်သိတယ်မလား jen ငါက နင်ငါ့ကို
ထားသွားမှာပဲ ကြောက်တာ jen"

Lisaက jenရဲ့ ယောင်ကိုင်းနေသည့် ပါးလေးကို ဖွဖွလေး ကိုင်ကာပြောသည်

"ငါနင့်ကို အရမ်း ချစ်တယ် jennie နင်လဲ ငါ့ကို ချစ်တယ်မလားဟင်"

ပြောရင်း lisaက jenပါးလေးကို
နမ်းမယ်လုပ်တော့

"Jennieက မင်းကို မချစ်ဘူး ငါ့ကိုပဲ ချစ်တာ"

"မင်း!"

"ဖြောင်း!"

Jisooရဲ့မျက်နှာက ချာခနဲ လည်ထွက်သွားသည်

Psycho loveOnde histórias criam vida. Descubra agora