Psycho love 15

1.5K 142 9
                                    

unicode version

"Mummy mummy"

၁၀နှစ်အရွယ် ကလေးမလေး တယောက် ခုံတန်းလေးမှာ ထိုင်ကာ ငိုနေသည် ဒီအချိန် ကလေးမလေးတယောက် ဘေးနားကနေ ထိုင်ကာ

"ဟိတ် နင်ဘာလို့ငိုနေတာလဲ မငိုပါနဲ့"

ထိုကလေးလေးသည် ငိုနေသော ကလေးလေးရဲ့ မျက်ရည်တွေကို တယုတယကိုင်ကာ
သုတ်ပေးနေသည်

"မငိုပါနဲ့ဟာ"

ငိုနေသော ကောင်မလေးသည် ထိုကောင်မလေးရဲ့ ရင်ခွင်ထဲဝင်ကာ ငိုနေသည်

"နင်ကြိုက်သလောက်ငို အဲ့ဒါမှ နင့်ရင်ထံ ပေါ့သွားမှာ"

ပြောပြီး ငိုနေသော ကလေးမလေးကို နှစ်သိမ့်ပေးသည် အချိန်တော်တော်ကြာ ငိုပြီးနောက်

"Thank you"

"ရပါတယ်"

"ငါ့နာမည်က Lisa Manoban ပါ"

"ငါ့နာမည်က Park chae young ပါ"

"Chae...young"

Lisaက ကိုးရီးယားအသံထွက်ကို သိပ်မပြောတတ်တော့

"Roseလို့ ခေါ်ချင်ခေါ်လေ ငါ့English nameက rose"

" အင်း ဒါနဲ့ နင်က ဘယ်မှာနေတာလဲ"

"ဒီလမ်းရဲ့ နောက်တလမ်းမှာနေတာလေ"

"ငါတို့သူငယ်ချင်း လုပ်ကြရအောင်"

ဒီလိုနှင့် roseနဲ့ lisa ခင်သွားသည် roseက lisaကို အမြဲဖေးမေကူညီတယ် lisaဆိုးသမျှကို သည်းခံရှာတဲ့  roseကို lisaအရမ်းတွယ်တာမိပါသည်

Lisaအဖေက lisa ၁၁နှစ် သမီးဘဝမှာ lisaကို ထားပြီး ထွက်သွားခဲ့လေသည် အဖေ ထွက်သွားတဲ့အချိန်မှာတော့ lisaက အရင်လောက် မခံစားခဲ့ရပါ roseက ပြုံးပျော်ရွှင်အောင် လုပ်ပေးသောကြောင့်
ဖစ်သည်

Lisaငိုတဲ့အချိန်တိုင်း lisaစိတ်အားငယ်တဲ့အချိန်တိုင်း roseက အမြဲဘေးမှာရှိကာ အားပေးစကား ဆိုခဲ့သည် အဖေရော အမေရော ပစ်သွားပြီး တယောက်တည်း ရှိတာများတဲ့
Lisaဟာ roseကို အရမ်း တွယ်တာမိပါသည် roseကိုလည်း အရမ်း ဂရုစိုက်ခဲ့ပါသည် အရမ်းချစ်ခဲ့ပါသည် roseကို သူ့ဘေးတားမှာ အမြဲရှိရမည်ဟု သူဆုံးဖြတ်ထားပါသည်
roseက သူ့ဘဝဟု ခံယူထားသည်

Psycho loveOnde histórias criam vida. Descubra agora