Psycho love 9

1.6K 169 20
                                    

unicode version

Jenသည် ဒီနေ့ ကျောင်းက အပြန် lisaနှင့်အတူ အိမ်မပြန်ခဲ့ပေ။ Jen အမေရဲ့ ခိုင်းစေမှုကြောင့်
Jen အဒေါ်ရဲ့ တိုက်ခန်းကို jenသွားရပါသည် ဒေါ်လေးက မေမေကို သူကိုယ်တိုင် ချုပ်ထားတဲ့ အင်္ကျီပေးမယ်ဆိုလို့ Jenက ဒေါ်လေးအိမ်ကို လာယူတာပါ

ကျောင်းကနေ တိုက်ခန်းကို jen လမ်းလျှောက်လာပါသည် Jen
တိုက်ခန်းရှေ့ရောက်တော့ လူတယောက်နဲ့ တိုက်မိပြီး

"Arr sorry ကိုယ်မမြင်လိုက်လို့"

"ရပါတယ် jenလည်း မမြင်လိုက်လို့ပါ"

Jen ပြောပြီး တိုက်ခန်းထဲ ဝင်လာသည်
သူကလည်း jenနောက်ကနေ လိုက်လာသည် နှစ်ယောက်အတူတူ ဓာတ်လှေကားထဲ
ဝင်လာသည်

"ဒီက ဘယ်အထပ်ကို သွားမှာလဲ"

"၅ထပ်"

"ကိုယ်နဲ့အတူတူပဲ"

သူကပြောပြီး နံပါတိ၅ကို နှိပ်လိုက်သည်

Jenခုနက တိုက်မိတုန်းက သူ့မျက်နှာကို သေချာမကြည့်ဖစ်လိုက် ဓာတ်လှေကားထဲ
ရောက်မှ jenသူ့ကိုသေချာကြည့်မိလိုက်သည်

တော်တော်လှသောသူပါလား...
အကျီၤအဖြူလေးန ဲ့ style ဘောင်းဘီကို ဝတ်ထားတဲ့သူ့ပုံစံက မသိရင် gentle
manလိုလို အမိုက်စား။ မသိရင် ယောကျ်ားလေးလိုလို။ တကယ်က
အရမ်းကို မိုက်သော ကောင်မလေး😍

Jenသည် သူ့ကို ငေးကြည့်နေမိသည် ငေးကြည့်နေမိတာမှ 5ထပ်ရောက်သွားမှန်းတောင် မသိလိုကိ။ သူ ဓာတ်လှေကားမှ ထွက်သွားမှ 5ထပ်ရောက်မှန်း jenသိလိုက်ရသည်

သူ့ဝင်သွားတာက jenအဒေါ်ရဲ့ ရှေ့တိုက်ခန်းပင်။

Jenလည်း ဒေါ်လေးအခန်းထဲ ဝင်လာသည်

"သမီး jennie လာ အမအတွက်
အင်္ကျီလာယူတာလား"

"ဟုတ်ဒေါ်လေး"

"ခဏထိုင်ဦး"

"ဟုတ်"

Jenက ဧည့်ခန်းထဲမှာ ထိုင်ကာ စောင့်နေသည်
ဒေါ်လေးက အင်္ကျီယူလာပေးသည် jenက
ဒေါ်လေးအိမ်မှာ ဒေါ်လေး ဦးလေးရယ် တစ်ဝမ်းကွဲအကို
taceyeon တို့နှင့် စကားပြောနေသည်

Psycho loveWhere stories live. Discover now